Mm

https://mm1ink.net/iw6WYEn

Star 2

Star Click

Thursday, November 19, 2009

my lovely friends

(သူများပို့ထားတာလေး ပို့ပေးလိုက်တာ
ရယ်စရာလေးတွေပါ)



Sunday, December 16, 2007

တန်ဆောင်တိုင်ည အငြိမ့်ပွဲ(၃)(၄)နဲ့ (၅)

တန်ဆောင်တိုင်ည အငြိမ့်ပွဲ(၃)(၄)နဲ့ (၅)
လူရွှင်တော် ဇာဂနာ တင်ဆက်သည်
 

ကြယ်သီး ။ ။ ဒီနေ့ခေတ်ဆိုတာက သိပ်တိုးတက်နေပြီ ဟော အရင်က တမြို့နဲ့တမြို့ တနိုင်ငံနဲ့ တနိုင်ငံ စာရေးပြီး ဆက်သွယ်ကြရတယ်။ နောက်တော့ တယ်လီဖုန်းနဲ့ ခုတော့ အီးမေးလ်နဲ့ ချက်တင်းနဲ့ ဂျီတော့လ်က်နဲ။ ကဲ မတိုးတက်လား။ ခုဆို ကျနော် နေ့တိုင်း ညတိုင်း ကွန်ပျူတာရှေ့ ထိုင်ထိုင်နေတာ
စိန်သီး ။ ။ တကမ္ဘာလုံးနဲ့ ဆက်သွယ်နေတာပေါ့
ကြယ်သီး ။ ။ မီးမလာလို့ ထိုင်စောင့်နေရတာ
ပန်းသီး ။ ။ အော် အကောင်းပြောတာ မှတ်လို့ မီးမလာဘူး မီးမလာဘူးလို့ မပြောပါနဲ့ကွာ၊ ခုဆို ဓာတ်ငွေ့ကနေ လျှပ်စစ်တွေထုတ်၊ ရေကနေ လျှပ်စစ်တွေထုတ် တိရိစ္ဆာန်တွေရဲ့ အားနဲ့လည်း လျှပ်စစ်တွေ ထုတ်နေလို့ ၂၄နာရီ မီးထိန်ထိန်လင်းနေပါပြီ
ဆီးသီး ။ ။ တို့ ရန်ကုန်မြို့ကြီးမှာပေါ့
ပန်းသီး ။ ။ နေပြည်တော်မှာ
ဆီးသီး ။ ။ အင်
ပန်းသီး ။ ။ ဟိုက ခုမှ မြို့သစ် မင်းတို့က မြို့ဟောင်း၊ ပေး လင်းလိုက်ပါဦး
ဆီးသီး ။ ။ လမ်းပန်းဆက်သွယ်ရေးတွေလည်း တအားကောင်းသွားပါပြီ၊ လမ်းတွေ ဖောက်လိုက်တာမှ အများကြီး၊ တံတားတွေလည်း အစင်းပေါင်း ၃၀ကျော် ဆောက်ပြီးပြီ
စိန်သီး ။ ။ ဒါဆို သွားရေးလာရေးတွေ အဆင်ပြေနေပြီပေါ့
ဆီးသီး ။ ။ အင်ဂျင်နီယာတွေ ချမ်းသာကုန်ပြီ

စိန်သီး ။ ။ သတင်းကြေညာမယ် သတင်းကြေညာမယ်
ဂေါ်ဇီလာ ။ ။ မဟုတ်တာတွေ မမှန်တောတွေ ပြောရင် နားမထောင်ဘူး
စိန်သီး ။ ။ အကိုရယ် ကျနော်တို့က စီစီတီဗီ သတင်း
ဆီးသီး ။ ။ ဒါဆို ကြေညာစေဗျား၊ တို့သတင်းစာတွေထဲ မပါဘူး ကြေညာ
ပန်းသီး ။ ။ ဒါဆို ငါလည်း ကြေညာမယ် တို့က အယ်ဂျာဇီးယား
ဂေါ်ဇီလာ ။ ။ ကဲ ကြေညာကြစမ်း၊ ငါ ဒိုင်လူကြီး
စိန်သီး ။ ။ သတင်းကြေညာတာ ဒိုင် လိုသလား
ဂေါ်ဇီလာ ။ ။ သတင်းမှန်လား မမှန်လား ဒိုင်လုပ်ရမှ
စိန်သီး ။ ။ ပြီးရော ကြေညာပြီ၊ တရုတ်နဲ့မြန်မာ ချစ်ကြည်ရေးဘောပွဲ ကျင်းပရာ မြန်မာဘောလုံးအသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါတယ်
(ဂေါ်ဇီလာနဲ့ ဆီးသီး ကြမ်းပေါ် လူးလှိမ့်ပြီး ရီ)
ဆီးသီး ။ ။ အမလေး တသက်တာ အကောင်းဆုံး ပျက်လုံးဆုပေးရင် နင်တို့ သတင်းဌာနက ရမယ်
ပန်းသီး ။ ။ ငါတို့ ကြေညာမယ်၊ ၂၀၀၈ခုနှစ် တရုတ် အိုလံပစ်အတွက် ချစ်ကြည်ရေးအဖြစ် တရုတ်ယပ်တောင် အချောင်းတသိန်းကို မြန်မာပြည်သို့ ပေးအပ်သွားမည ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဘက်မှလည်း ချစ်ကြည်ရေးအဖြစ် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမတို့တွင်ရှိသည့် သစ်တောများကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု သိရှိရပါတယ်
(ဂေါ်ဇီလာနှင့် ဆီးသီး ဒေါပွ ထရိုက်)
ဂေါ်ဇီလာ ။ ။ တို့ကိုပေးတော့ ယပ်တောင် နင်တို့ကို ပြန်ပေးရတော့ သစ်တော တန်သလား
ပန်းသီး ။ ။ ရတဲ့အတိုင်း ကြေညာရတာ
စိန်သီး ။ ။ ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက် တရုတ်နိုင်ငံလုပ် အမှိုက်သိမ်းကားများကို အသုံးပြုနေရာ အနံ့အသက်တွေ ကောင်းပြီး အမှိုက်များ ကင်းစင်ကာ ရေမြောင်းတွေ ပိတ်ဆို့မှု မရှိတော့ဘဲ ပလက်ဖောင်းများပေါ် လူတွေ တက် လမ်းလျှောက်နေနိုင်ပြီ ဖြစ်ကြောင်း
ပန်းသီး ။ ။ ဓာတ်ဆီဈေးတွေ အရမ်းတက်နေလို့ အမှိုက်သိမ်းကားတွေ မထွက်နိုင်တော့လို့ အမှိုက်တွေ ပိတ်ဆို့ပြီး ရေမြောင်းတွေ ပိတ်ပြီး လူတွေ ပလက်ဖောင်းပေါ် လျှောက်နေကြရပြန်ပါပြီ
စိန်သီး ။ ။ အခုအခါမှာ ကားတွေ စီအင်ဂျီ အကုန်ပြောင်းပြီးဖြစ်လို့ အမှိုက်တွေ အကုန်သိမ်းပြီးသွားပြန်ပါတယ်
ပန်းသီး ။ ။ မီးမလာတဲ့အတွက် ကားများ တန်းစီနေရလို့ အမှိုက်မသိမ်းရတဲ့အတွက် ရေမြောင်းတွေ ပြန်ပိတ်ကုန်ပြန်ပါတယ်
စိန်သီး ။ ။ မြို့တော်ဝန်ကြီးကိုယ်တိုင် ခေါင်းလောင်းထိုးပြီး အမှိုက်သိမ်းလှည်းများနဲ့ လိုက်သိမ်းပေးနေလို့ အမှိုက်များ ကင်းစင်ပြီး ပလက်ဖောင်းပေါ် လူများလမ်းလျှောက်နေနိုင်ပါပြီ
ပန်းသီး ။ ။ မြို့တော်ဝန်ကပဲ ပလက်ဖောင်းပေါ် ဈေးရောင်းခွင့်ပြုလိုက်လို့ အမှိုက်များ ပြန်ပိတ်ပြီး ခရီးသွားပြည်သူများလည်း ပလက်ဖောင်းပေါ်လမ်းမလျှောက်နိုင်ဘဲ လမ်းမပေါ် ဆင်းလျှောက်နေရပါပြီ
စိန်သီး ။ ။ ပလက်ဖောင်းဈေးသည်တွေ စည်းနဲ့ကမ်းနဲ့ နေရာတကျ ဈေးရောင်းနိုင်အောင် စည်းကမ်း မလိုက်နာသူတွေ ထိထိရောက်ရောက် အရေးယူတဲ့အနေနဲ့ သုံးသိန်းစီ တောင်းပြီး ပြန်ဖွင့်ခိုင်းလိုက်ပါတယ်
(သတင်းကြေညာသူကို ၀ိုင်းရိုက်ကြ)

အဖွဲ့ ။ ။ သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ဂေါ်ဇီလာ။ ။ လမ်းထိပ်နားက ကိုဖိုးကြွယ် လျှပ်စစ်မီးကို ခိုးပြီးသွယ် စစ်ဆေးရေးနဲ့ တဲ့တဲ့တိုးတော့
စိန်သီး ။ ။ ဖမ်းသွားရောလား
ဂေါ်ဇီလာ။ ။ ဟေး လာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့၊ ၀မ်းစမိုးရယ် သောသောညံ ရော့ အင့်
စိန်သီး ။ ။ ဒါဆို ခု မီး ခိုးမသွယ်တော့ဘူးပေါ့
ဂေါ်ဇီလာ။ ။ ကာရာအိုကေဆိုင်တောင် ဖွင့်ထားတယ်
အဖွဲ့ ။ ။ သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ဆီးသီး ။ ။ ချဲထီဆိုတာ လောင်းကစားပဲ၊ နှစ်လုံးထိဆိုတာ လောင်းကစားပဲ၊ တွေ့ရင်ဖမ်းမှာပဲ၊ ပြည်သူ့ရဲနဲ့ တဲ့တဲ့တိုးတော့ စစ်ဆင်ရေးနဲ့ တဲ့တဲ့တိုးတော့
စိန်သီး ။ ။ ဖမ်းသွားရောလား
ဆီးသီး ။ ။ ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့၊ ၀မ်းစမိုးရယ် သောသောညံ ရော့ အင့်
ပန်းသီး ။ ဒါဆို ခု ချဲထီ မလုပ်တော့ဘူးပေါ့
ဆီးသီး ။ ။ ဘောပွဲပါ ဒိုင်ကိုင်နေပြီ
အဖွဲ့ ။ ။ သူများအကြောင်းလည်း မပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ပန်းသီး ။ ။ လာဘ်ပေးလာဘ်ယူ လုပ်သူများ အရေးယူနေပြီဗျား၊ သတိပေးစာတွေ ရုံးမှာကပ်တော့
ကြယ်သီး ။ ။ အရေးယူ ခံရရောလား
ပန်းသီး ။ ။ ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့၊ ၀မ်းစမိုးရယ် သောသောညံ ရော့ အင့်
ကြယ်သီး ။ ။ ရုံးတွေမှာ လာဘ်မစားတော့ဘူးပေါ့
ပန်းသီး ။ ။ အိမ်မှာ သွားပေးနေပြီ

(ဇာဂနာ့ စာကြွင်း - အငြိမ့်ခန်း ရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ ဖောက်သည်ချချင်လာပါတယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ ထောင်ထဲမှာ အခန်းဖော်လည်း မရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား မေ့သွားမှာစိုးလို့ အခန်းထဲ ရောက်လာတဲ့ ကြွက်တွေ ပိုးဟပ်တွေ အိမ်မြောင်တွေ ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။ သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ် လိုက်ပြောနေရတာ။ တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျနော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း တစက်မှ မရှိဘူး။ စဉ်းစားလေ။ ဘဲ့နဲ့။ ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေး တဖတ်လောက် သိမ်းထားတာ ဒီပရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ နေ့လည် အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အဆန်းလားဗျာ။ သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။ ဒါနဲ့ အစဉ်သင့် ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ အဲဒီကောင်တွေ ပထမတော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့ လှည့်ပြန်မယ် လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ် အထဲမှာတင် ပတ်ပြေးနေတော့တာ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။ တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျနော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်း အခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ စက်ဝိုင်းထဲက ထွက်ဖို့တခါမှ မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။ အဲဒါ အများလည်း စဉ်းစား နိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျနော်တို့ဟာ အခု ပရုတ်ဆီ အ၀ိုင်းခံနေရတာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။ ။




--
Andrew.H.A.

Saturday, November 14, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ 
မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ် 

NEJ / ၅ အောက်တိုဘာ ၂၀၀၉

line

 

မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။

ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာတော်များအပေါ် ကျူးလွန်မှုများနှင့် သာသနာအပေါ် စော်ကားမှုများကို တတိယအကြိမ် သပိတ်မှောက်ကံဆောင်မည့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် နအဖစစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နှိုးဆော်ထားခဲ့သည်။

သံဃာတော်များအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မန္တလေး၌ တကြိမ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်ပြီး သတိပေးခဲ့သော်လည်း စစ်အစိုးရအာဏာပိုင်များက လိုက်နာတောင်းပန်ခြင်းမရှိသည့်အပြင် သံဃာတော်များနှင့်သာသနာကို ဆက်လက်စော်ကားနေသဖြင့် ယခုကဲ့သို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ ကမိန့်ကြားသည်။

၎င်းက "ပြည်ပနဲ့ ပြည်တွင်း ပြည်နယ်အသီးသီးမှာ အခက်အခဲတွေကြားထဲကပဲ သံဃာတော်တွေ ညီညွတ်စွာနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုပြီးတော့ သပိတ်ကို အောင်မြင်စွာမှောက်လိုက်ခြင်းက တချက်ပေါ့လေ။ နောက်တချက်က တကယ့်တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေဟာ တကယ်ဗုဒ္ဓဘာသာဝင်ကောင်းတဦးဆိုရင် သာသနာဘောင်က ရဟန်းသံဃာတော်တွေအားလုံးကို ပြန်လွှတ်ရမယ်၊ တောင်းပန်ရမယ်။ အဲလိုပြန်မလွှတ်ဘဲ သူက သံဃာတော်တွေကို ဆက်လက်ဖမ်းဆီး နှိပ်စက်နေတယ်၊ ထောင်ချနေတဲ့အတွက်ကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဗုဒ္ဓဘာသာရဲ့ လုပ်ရပ်တွေနဲ့ မညီတဲ့အတွက်ကြောင့် သူ့ကို ဗုဒ္ဓဘာသာဝင်အဖြစ် ဦးဇင်းတို့သာသနာတခုလုံးက လုံးဝလက်မခံဘူး၊ ထုတ်ပယ်ပစ်မယ်။ ပြီးတော့ ဦးဇင်းတို့ရဲ့သာသနာတော်ကို သံဃာတော်တွေကို သတ်ဖြတ်ညှဉ်းဆဲနေတဲ့အတွက်ကြောင့် သူသည် ဗုဒ္ဓဘာသာရဲ့လမ်းစဉ်မဟုတ်တဲ့အပြင် သာသနာကိုဖျက်နေတဲ့ မိစ္ဆာဒိဋ္ဌိလမ်းစဉ်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဦးဇင်းတို့က သူ့ရဲ့အယူမစွန့်မခြင်း၊ သူ့ကို မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ပြီး သာသနာ့ဘောင်ကနေ ဗုဒ္ဓဘာသာဝင် အဖြစ်ကနေ စွန့်ပယ်ထုတ်ပစ်တာပါ" ဟု ကြေညာချက်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ဆိုသည်။

တတိယအကြိမ် သပိတ်မှောက်ကံဆောင်မှုကို ပြည်တွင်းရှိမြို့နယ်များမှ သိမ်များတွင် သံဃာတော်များက မဖြစ်ဖြစ်သည့်နည်းဖြင့် ကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ခဲ့ကြကြောင်း၊ အချို့သံဃာတော်များမှာ ပ၀ါရဏာပြုရင်းနှင့် လျှို့ဝှက်စွာဖြင့် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကို ရွတ်ဆိုခဲ့ကြကြောင်း အရှင်ဣဿရိယ ကမိန့်သည်။

"နအဖစစ်အစိုးရကလည်း ရွတ်ဆိုခွင့်မရအောင်ဆိုပြီးတော့ နေရာအနှံ့အပြားမှာ လိုက်ရှာတဲ့ကြားထဲကနေပြီး
သံဃာတော်တွေက အောင်မြင်အောင် သပိတ်မှောက်လိုက်ကြတယ်။ အခုဒီကမ္မ၀ါစာရဲ့ အဓိပ္ပာယ်က သိမ်တသိမ်ထဲမှာတောင် ရွတ်ဆိုလိုက်ရင် အောင်မြင်သွားတယ်။ အခုဟာက တကယ့်သိမ်တွေအများကြီးမှာ သံဃာတော်တွေ ညီညွတ်စွာနဲ့ ကမ္မ၀ါစာတွေရွတ်ဆိုပြီးတော့ သပိတ်မှောက်လိုက်ကြတဲ့အတွက်ကြောင့် ယခုတတိယအကြိမ်ရဲ့သပိတ်က တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့လို့ ပြောလို့ရပါတယ်။ ရခိုင်၊ အထက်ဗမာပြည်၊ အလယ်ပိုင်း မန္တလေး၊ ပဲခူး အစရှိသဖြင့် နေရာအနှံ့အပြား ရန်ကုန်အထိဆိုတော့ တတိုင်းပြည်လုံးကို ခြုံမိငုံမိသွားပါတယ်" ဟု ၎င်းကမိန့်သည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံတွင် သံဃာတော်များ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေခွင့်မရအောင် လုပ်ဆောင်နေပြီး သာသနာကို ဖျက်ဆီးနေသည့်အတွက် ယင်းလုပ်ရပ်ကို ထိရောက်စွာအရေးယူပေးပါရန် သံဃာ့ခေါင်းဆောင်များ စုပေါင်းလက်မှတ်ထိုးကာ ကမ္ဘာ့ခုံရုံးအဆင့်ဆင့်ထိ တရားစွဲဆိုသွားရန်လည်း သံဃာတော်များ တိုင်ပင်ဆွေးနွေးနေကြောင်း အရှင်ဣဿရိယ ကမိန့်ကြားသည်။

ကြေညာချက်တွင် သာသနာနှင့် နိုင်ငံတော်ကိုဖျက်ဆီးနေသည့် ဦးသန်းရွှေအား တပ်မတော်မှဖယ်ရှားပေးရန် တပ်မတော်သားများကို တိုက်တွန်းထားပြီး ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသည့် သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

 

ဗိုလ်ချုပ်ဟာ သူတော်စင် အစစ်ပါ။...။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာပြည်လွတ်လပ်ရေးရအောင် သတ္တိရှိမူ၊ ရဲရင့်မူ၊
ပြတ်သားမူတွေနှင့် အတူ ပြည်သူတွေကို အလွန်လေးစားပြီး
ဗမာ့တပ်မတော်ကြီးကိုယ်လည်း စတင်တည်ထောင်သွားခဲ့သည့်
အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်၊ ဗိုယ်ချုပ်က
တိုင်းသူပြည်သားတွေအပေါ်မှာဖြစ်စေ သူတည်ထောင်ခဲ့တဲ့ စစ်တပ်ပေါ်မှာဖြစ်စေ
သနားကြင်နာမှု အပြည့်အ၀ရှိခဲ့တာဆိုတာ ဗိုလ်ချုပ်သမိုင်းဟာ
ကမ္ဘာ့သမိုင်းမျက်နှာပြင်မှာ လှပနေဆဲပါ၊၊

ဗိုလ်ချုပ်အောင်ဆန်း အခုလိုမျိုး ခေါင်းဆောင်ကောင်း ဖြစ်လာရခြင်းမှာ
ဗိုလ်ချုပ်ကိုမွေးခဲ့တဲ့ နတ်မောက်က လက်ဦးဆရာတော်နှင့် မိဘတွေရဲ့ ဗီဇတွေက
အခြေခံပါတယ်၊ အောင်ဆန်းဟာ ထောင်စခန်းကိုမကြောက်၊ ပြည်သူတွေ
အမှောင်ကြနေတာကြောင့် နယ်ချဲ့ကို ဗြောင်ကျကျ ပြောဆိုတတ်သလို၊
တိုက်ပွဲကိုယ်လည်း ကြောက်နေသူတော့ မဟုတ်ပါဘူး၊
တိုင်းပြည်လွတ်လပ်းရေးရအောင် တိုက်ပွဲကာလမှာ ဗိုလ်ချုပ်နဲ့အတူ
သံဃာတော်တွေ ပါခဲ့သည်ကို သမိုင်းဓာတ်ပုံတွေက အထင်ရှားရှိခဲ့ပါသည်၊ မန္တလေး
ရဟန်းပျိုက လွတ်လပ်ရေးလည်း ရနေပြီ သံဃာ့အဖွဲ့တွေ ဖျက်မည်ဟု သံဃာတွေက
ပြောတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက သံဃာ့အဖွဲ့တွေ မဖျက်ရန်
ဆက်လက်ရှိသင့်တဲ့ အကြောင်းနှင့် တိုင်းပြည်အတွင်းမှာ သံဃာ့အဖွဲ့
အမှန်တကယ်လိုအပ်ကြောင်း အထူးလျှောက်ထားခဲ့တာတွေရှိပါတယ်၊၊

တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းဆိုတာ အမျှော်အမြင်ကြီးမားမူနှင့်အတူ
သံဃာ့အဖွဲ့တွေ ရှင်သန်အောင်သာ ဆောင်ရွက်ပေးခဲ့တာပါ၊ ဗိုလ်ချုပ်က
ဗုဒ္ဓဘာသာဆိုပေမဲ့ ဘာသာအားလုံးကို တန်းတူလေးစားတာပါ၊
တိုင်းပြည်လွတ်လပ်ရေးရတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်လို့
အစည်းဝေးလုပ်တဲ့အခါမှာ ဗိုလ်ချုပ်က လက်မခံဘဲ ပယ်ခဲ့တာရှိပါတယ်၊ ဒါတွေဟာ
ညီမျှမူ တန်းတူ ရည်တူ သဘောနှင့် ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကို
ဖော်ဆောင်သွားခဲ့တာပါ၊၊

ဗိုလ်ချုပ်ဟာ ဘာသာရေးသမားအမည်ခံပြီး ပိတ်ဖြူပတ် ရွေတဂုံ
တက်ဖို့အချိန်မရှိဘဲ၊ တိုင်းပြည်လွတ်လပ်ရေးအတွက်သာ တစိုက်မတ်မတ်
လုပ်ခဲ့တဲ့ အတွက် တိုင်းပြည်ရှိ ဆရာတော် သံဃာတော်များကလည်း ဗိုလ်ချုပ်ကို
ချစ်ကြပါတယ်၊ တိုင်းပြည်မှာ အများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သလို
ဗိုလ်ချုပ်ကိုယ်တိုင် စာဖတ်၊စာရေးတာ ၀ါသနာပါတာကြောင့် ဘာသာရေးစာပေတွေကို
ဖတ်ဖြစ်မယ် ဆိုတာ ယုံကြည်ပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ် မိန့် ခွန်းတွေ
အချိုက ဘုရားဟောတွေကို ကိုးကားသွားတာတွေ ရှိပါတယ်၊

ဗိုလ်ချုပ်ဟာ ရိပ်သာဝင်တရားထိုင်ဖို့ ဘုရားဝင် ပုတီးစိတ်ဖို့
အချိန်မရခဲ့ပါဘူး၊ တော်လှန်းရေးကို ဆင်နွဲနေသည့် လူငယ်အောင်ဆန်းဘ၀ကို
အားလုံးက မြင်ရောင်ကြည့်ပါ၊
သို့သော်လည်း စာဖတ်လို့သိတဲ့ ဘာသာရေးအသိကို ဗိုလ်ချုပ်က လက်တွေ့ကျကျ
ပြည်သူတွေကို သတ်ခဲ့တာမရှိ၊ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်ကို
ခိုးယူတာမရှိ၊ မော်ဒယ် ကောင်မလေးတွေကို ငွေးပေးပြီး
စော်ကားခဲ့တာလည်းမရှိ၊
ကတိမတည်သစ္စာမရှိတဲ့ မုသားစကားလည်း ပြည်သူကို မလှဲ့ဖျားခဲ့ဘူး၊ ဒါတွေဟာ
ဗုဒ္ဓဘာသာရဲ့ အရိမ်ကြောင့် ဗိုလ်ချုပ်ရဲ့ လုပ်ရပ်တွေကို ပြည်သူတွေက
လက်ခံသလို ကြည်ညိုလေးစားကြတာပါ၊၊

ဗုဒ္ဓဘာသာ ဟုတ်မဟုတ်ဆိုတာက အလုပ်က သက်သေပြတာပါ၊ ဘာသာရေးအသိနှင့်
အကျင့်တရား ဗိုလ်ချုပ်က တထပ်တည်း ကျအောင် လုပ်ကိုင်သွားတာကို မြင်အောင်
ကြည့်စေချင်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ
အဆင့်မျိုးမဟုတ်ဘူး၊ သာသနာကိုကြည်ညိုလေးစားနဲ့ နှလုံးသားနှင့်
ဘုရားကိုဖက်၊သံဃာကို အသက်တမျှ မြတ်နိုးကိုးကွယ် လူထုကိုယ်တော့
လွတ်မြောက်အောင် ဦးဆောင်သွားခဲ့သူပါ၊ အတ္တအကျိုးထက် အများအကျိုးကို
ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေဟာ သာမာန်မဟုတ် တကယ်ကိုယ်ပဲ
အသက်ပေးတိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ တိုက်ပွဲကို ကြုံဖူးသူတိုင်း
ပိုနားလည်မှာပါ၊၊


လူသာမာန်တို့ လုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဗိုလ်ချုပ် လုပ်သွားခဲ့သည်မို့
ဗိုလ်ချုပ်ဟာ သူတော်စင် အစစ်ပါပဲ၊


အရှင်စန္ဒောဘာသာစာရ
အတွင်းရေးမှူး
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
နယူးယောက်
--

ဖတ်ကြည့်ပါဗျာ....ဟီဟိ

တခါက ကက်သလစ်ဘာသာဝင်တွေနေတဲ့ ရွာတစ်ရွာကို ဂျူးလူမျိုးတစ်ယောက်ပြောင်းလာပါ
သတဲ့။

သူက ကက်သလစ်တွေရဲ့ ဘုရားရှိခိုးကျောင်းနားမှာ အိမ်ဆောက်ပြီးနေတယ်။
အဲဒီမှာ သောကြာနေ့ရောက်လာတော့ ကက်သလစ်တွေရဲ့ ဘုရားရှိခိုးပွဲရှိပါတယ်တဲ့။

ကက်သလစ်တွေက ဘုရားကျောင်းထဲမှာ ဘုရားရှိခိုးနေကြတဲ့အချိန်မှာ
အဲဒီဂျူးလူမျိုးရဲ့ နေအိမ်ထဲကနေပြီးတော့ အမဲသားကြော်နံ့က
စူးစူးဝါးဝါးထွက်လာတယ်တဲ့။
ကက်သလစ်ဘာသာဝင်တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ကြတာပေါ့။ ဘာလို့လည်းဆိုတော့
ကက်သလစ်တွေက သောကြာနေ့တိုင်း ဘုရားရှိခိုး ၊ အမဲသားမစားပဲ ငါးကိုစားကြတာကိုး။
သူတို့ရဲ့ ဥပုသ်ရက်လို့ခေါ်ရမလားပဲ။

အဲလို ဂျူးလူမျိုးရဲ့ အိမ်ထဲကထွက်လာတဲ့ အမဲသားကြော်နံ့က သူတို့ဘာသာရေးနေ့မှာ
အနှောင့်အယှက်တစ်ခုလို ဖြစ်နေတော့တာပေါ့။ အဲဒီတော့
ကက်သလစ်တွေက ဂျူးလူမျိုးကို သူတို့ကက်သလစ်ဘာသာဝင်ဖို့ စည်းရုံးရအောင်ဆိုပြီး
တိုင်ပင်ကြတယ်။ ပြီးတော့ ဂျူးလူမျိုးကြီးဆီသွားပြီးတော့ တိုက်တွန်းကြတယ်။
သူတို့ဘာသာကို ၀င်ပါဆိုပြီးတော့ပေါ့။

ပထမတော့ ဂျူးကြီးကငြင်းပါသေးတယ်။ နောက်တော့ ရွာခံလူထုရဲ့ဆန္ဒကို လွန်ဆန်နေလို့
သူ့အတွက် အကျိုးမရှိနိုင်ဘူးဆိုတာ သဘောပေါက်သွားပုံရပါတယ်။
ကက်သလစ်ဘာသာဝင်ဖို့ လက်ခံလိုက်တယ်။

အဲလိုနဲ့ သူ့ကို ကက်သလစ်ဘာသာထဲသွတ်သွင်းတဲ့ အခမ်းအနားကို
ကျင်းပမယ့်ရက်ရောက်လာပါရော။ ခေါင်းကိုင်ဘုန်းကြီးက သူ့ကိုပြောတယ်။

`ငါ့သား… ငါ့သားဟာ ဂျူးအဖြစ်နဲ့မွေးတယ်။ ဂျူးအဖြစ်နဲ့ ကြီးလာတယ်။ ကဲ … ခု
ငါ့သားဟာ ကက်သလစ်ဖြစ်ပြီ´

အဲလိုသွတ်သွင်းပြီးတော့ သူ့ကို ဘုန်းကြီးက သူတို့ကက်သလစ်တွေဟာ သောကြာနေ့တိုင်း
အမဲသားရှောင်ပြီးတော့ ငါးကိုပဲစားကြကြောင်း အထူးသတိပေးရှင်းပြတယ်။
ဂျူးလည်း ဘုန်းကြီးရှင်းပြတာကို ခေါင်းလေးတညိတ်ညိတ်နဲ့
နားထောင်ပြီးတော့ပြန်သွားရှာတယ်။

အဲလိုနဲ့ နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာပြန်ရောတဲ့။ ကက်သလစ်တွေလည်း
ဒီတစ်ခါတော့ အေးအေးဆေးဆေး ၀တ်ပြုလို့ရပြီဆိုပြီး စိတ်ချမ်းသာနေကြတာပေါ့။
သိပ်မကြာပါဘူး။ ဂျူးအိမ်ထဲက အရင်လိုပဲ အမဲသားကြော်နံ့က
ထောင်းခနဲထွက်လာပြန်ရောတဲ့။ အဲဒါနဲ့ ရွာသားတွေရော ၊ ဘုန်းကြီးရော
ဂျူးရဲ့အိမ်ဘက်ကို ထွက်လာကြတာပေါ့။
ဂျူးကို တားမြစ်ဖို့လေ။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ပါဘူး။
ဘာလို့လည်းဆိုတော့ ဂျူးက အမဲသားကြော်ကို ဒယ်အိုးပေါ်မှာ အပြန်ပြန် အလှန်လှန်
ယောင်းမနဲ့မွှေပြီးတော့ အော်နေတာကိုး။

`*မင်းဟာ နွားအဖြစ်နဲ့မွေးတယ် နွားအဖြစ်နဲ့ကြီးလာတယ် ကဲ… ခု မင်းငါးဖြစ်ပြီ*´

အချစ်.....( ပေးဆပ်ခြင်း )

အချစ်....( ပေးဆပ်ခြင်း )
'၁'   မင်းရဲ့ ပျော်ရွင်ချိန်မှာသူ့ ကိုပထမဆုံးသတိရမိနေလား?
'၂'   မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?
'၃'   မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင်အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?
'၄'   မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?
'၅'   သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?
'၆'   မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?
'၇'   သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ
့နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?
'၈'   ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?
'၉'   သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?
'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူ
့မရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?
'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို    ကြည့်ပြီး
သက်ပြင်းလေးတွေ ချတတ်နေပြီလား?
'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?
'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?
'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကို
ဖတ်ပြီးပျော်ရွင်တတ်လား?
'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?
'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား?

                အဖြေတွေကမင်းရင်ထဲမှာပဲရှိနေတယ်........
                အဖြေတွေက''ဟုတ်တယ်'' ''မှန်တယ်'' ဆိုရင်.......
                မင်းရင်ထဲမှာသူရှိနေပြီ...................
                သူနဲ့ ပတ်သက်လာရင်အရာရာကိုအရှံးပေးထားပါ.....

     သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ................
     သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........
     သူဘာဖြစ်ဖြစ်နားလည်ပေးပါ..........
     သူကကိုယ့်ကိုမချစ်ရင်တောင်သူ့အတွက် အမြဲပေးဆပ်ပေးပါ.........
     အခက်အခဲတွေရှိလာရင်သူ့ ဘက်ကရပ်တည်ပေးပါ..........
     သူမင်းကိုမချစ်ရင်တောင်မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ.....
     သူတစ်နေ့ သိလာမှာပါ........................
     မင်းကတစ်ဖက်သတ်ချစ်သူဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........
     သူကိုဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါသူ့အတွက် ပေးဆပ်ခြင်း.....
စစ်မှန်တဲ့ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှ....
မမျှော်လင့်ဘူး.......

     မင်းအထီးကျန်မှုတွေမလိုလားလျှင် ဒီစာကိုမျှဝေပါ
     သိပ်မကြာခင် မင်းကံကောင်းလာလိမ့်မယ်