ထိုအခါဆရာဝန်ကကလေးနားထဲဝင်နေသောဂေါ်လီလုံးအားခက်ခဲစွာထုတ်ပေးလိုက်ဧ။်။ပြီးနောက်ကလေးအားမေးလေဧ။်
ှဆရာဝန်။ ။သားသားဂေါ်လီလုံးကိုနားထဲဝင်အောင်ဘယ်လိုများဆော့လိုက်တာလဲသားသားရဲ့ ။
ကလေး ။ ။ဒီလိုလေဦးဦးရဲ့ ။ဟုဆိုကာနားထဲသို့ ဂေါ်လီလုံးအားထည့် ပြလိုက်လေဧ။်။...
ဝန်ထမ်းကောင်း
အလုပ်လာလျှောက်သူ တစ်ယောက်ရဲ့  စာရိတ္တ နဲ့ အရည်အချင်းကို သိချင်လို့
အလုပ်ရှင်ကမေးတယ်။
အလုပ်ရှင် … " မင်း အဖမ်းခံရဖူးသလား။ "
အလုပ်လျှောက်သူက … " မခံရဖူးပါဘူး ခင်ဗျ။ "
အလုပ်ရှင်က သေချာအောင်ထပ်မေးတယ်
… " ဘာ့ကြောင့်လဲ။ "
အလုပ်လျှောက်သူက ဂုဏ်ယူစွာဖြင့် … " ဘယ်တော့မှ မမိလို့ပါ ခင်ဗျ။ "
အလုပ်ရှင်... " မင်း လုပ်ငန်းတာဝန် အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။"
အလုပ်လျှောက်သူ … " ဟုတ်ကဲ့ လုပ်နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်က ၄ လ အတွင်း
လုပ်ငန်း ၁၀ ခု ပြောင်းလုပ်ခဲ့သူပါ။ "
အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းပါသလဲ။
လူငယ် ။ ။ တစ်နှစ် ဒေါ်လာ ၁၂၅၀၀၀ ရယ်။ ကုမ္ပဏီရဲ့ အမြတ်အပေါ် မူတည်းပြီးရတဲ့
အပိုဆောင်းလေးရယ်ပေါ့ဗျာ။
အင်တာဗျူးသူ ။ ။ အင်း ... ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။
ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။
ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။ ကုမ္ပဏီကနေ
အငြိမ်းစား ယူတဲ့အခါ လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။
ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး
ထုတ်ပေးမှာပါ။
လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား ... နောက်များနောက်နေတာလား။
အင်တာဗျူးသူ ။ ။ အင်းလေ .... မင်းကပဲ ... အရင်စ နောက်တာလေ။
5:17 PM တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။"မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။"
တရားခံ။ ။"၉ ခါရှိပါပြီ။ တရားသူကြီးမင်း။"
တရားသူကြီး။ ။"၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး
ပြစ်ဒဏ်ပေးရလိမ့်မယ်။"
တရားခံ။ ။"အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။ Discount
လေးတော့ ပေးပါဦး။"
စေတနာရှင်
တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက်
မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို
ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
"မင်းဘာလို့ မြက်တွေ စားနေတာလဲ။"
"ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။" လို့
အဲဒီလူက ဖြေပါတယ်။
"သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။" လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက "ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။" လို့ ပြောတော့
ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့
မြက်စားနေတဲ့လူက
"ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။" လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ "မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်"
လို့ ပြန်ပြောလိုက်ပါတယ်။
တစ်ခါက ထောင်ထဲမှာ ထောင်ကျအချင်းချင်းစကားပြောနေကြတယ်။
ပထမလူ။ ။ကျုပ်က ၅နှစ်ကျတာ၊ဓါးထိုးမှုနဲ့။
ဒုတိယလူ။ ။ငါက ၈နှစ်၊လူသတ်မှုနဲ့။
တတိယလူ။ ။ကျွန်တော်ကတော့ ၁၇နှစ်။
ပထမလူ။ ။ဘာမှုနဲ့လဲ။
တတိယလူ။ ။အလုပ်ထဲမှာပြတင်းပေါက်မှန်ခွဲမိလို့။
ဒုတိယလူ။ ။မင်းကဘယ်မှာလုပ်တာလဲ။
တတိယလူ။ ။ရေငုပ်သဘောင်္ပေါ်မှာလေ။
ဝိရောဓိဘဝ
ဝိရောဓိဘဝ
>
>
>
>
> ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
>
>
> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
>
>
> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
>
>
> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
>
>
> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
> ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
>
>
> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
>
>
> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>
>
> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
>
>
> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
> နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
>
>
>
> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
> သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
>
>
> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
> ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
>
>
> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>
> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။
> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>
>
> သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
>
>
> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>
> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
ကဲမေးခွန်းလေးတွေလာပြီနော်။(စကားထာ)
ကဲမေးခွန်းလေးတွေလာပြီနော်။
၁။ ၁၂လ ရှိတဲ့အထဲမှာ လူတွေစကားအနည်းဆုံး ပြောတဲ့လက ဘယ်လလဲ။
၂။ ခြေထောက်လေးချောင်း ရှိတာတောင် လမ်းမလျှောက် နိုင်တာ ဘာလဲ။
၃။ ဘ၀မှာ အတက်အကျအများဆုံး သူဟာ ဘယ်သူလဲ။
၎။ သူ့ကို ကြိုးချည်လိုက်တဲ့အခါ ပြေးပေမယ့် ကြိုးဖြေပေးလိုက်တာမှ
အသေကြီးရပ်နေတာ ဘာလဲ။
၅။ ဒီဇင်ဘာလ ကလွဲရင် ကျန်တဲ့ လ တွေမှာ မရှိတဲ့ အရာက ဘာလဲ။
၆။၁၀ နဲ့၁၀ ပေါင်းတာတောင် ၁၀ ပဲပြန်ရတာ ဘယ်အခါမှာလဲ။
၇။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။
၈။ ကြာလာလေလေ အရပ်ပုလာလေလေ အဲဒါဘာလဲ။
၉။ ညမြင်နေ့ပျောက်ဆိုတဲ့အရာက ဘာလဲ။
၁၀။ သင်တစ်ဦးတည်း ပိုင်ဆိုင်သော အရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ သူငယ်ချင်းများကသာ
အများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။
ကဲ scroll လေးကို မသုံးနဲ့နော်။
နည်းနည်း အပျင်းပြေလေး စဉ်းစားလိုက်အုန်း။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
ကဲ စကားထာလေးတွေရဲ့  အဖြေမှန်တွေကို ကိုယ့်အဖြေလေးတွေ နဲ့ တိုက်ကြည့်လိုက်ကြစို့။
၁။ ဖေဖော်ဝါရီလ
၂။ စားပွဲခုံ
၃။ ဓာတ်လှေကားမောင်းတဲ့သူ
၎။ ရူးဖိနပ်
၅။ ဒ အက္ခရာတဲ့
၆။ လက်အိတ်စွပ်တဲ့အခါ
၇။ အပ်နဲ့အပ်ချည်
၈။ မီးထွန်းထားတဲ့ ဖယောင်းတိုင်
၉။ အမှောင်
၁၀။ သင်၏အမည် တဲ့။
ဘယ်လိုလဲ။
--
Andrew.H.A.
စိတ်အာဟာရ
ဖေဖေက "ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ အဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာ ဂရုစိုက်လိုက်ရင်ပြီးရော မလား" ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။ ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့မရတာနဲ့ "အဖေ ကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား" အဖေက "ဖယ်လို့ရရင် အခုထိရှိနေအုံးမလား"လို့ ပြောတယ်။ ချွေးမက မကျေနပ် ၊သူပြောနေတာလဲအကြိမ်ကြိမ်ရှိပြီလေ။တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကို ချွေးမကခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာ လောင်းလိုက်တယ်။ အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။ တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။ ဒါနဲ့ ချွေးမက ကျောက်တုံးကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။
ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး
ပရိသတ် ၂၀၀ ကို " ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ" လူအတော်များများ လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး "ဘယ်သူယူမလဲ" လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။ "ဒါဆို ဒီလိုလုပ်လိုက်ရင်ကော" သူ ဒေါ်လာ ၂၀ကိုအောက်ပစ်ချလိုက်ပြီး ခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။ "ကယ် ဘယ်သူယူအုံးမလဲ" လက်ထောင်ကြသေးတယ်။ "သူငယ်ချင်းမိတ်ဆွေတို့ အရမ်းအနှစ်သာရရှိတဲ့အကြောင်းကိုပြောသွားတာ သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ် ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ။ အားလုံးလိုချင်နေတာပါပဲ။ တန်ဖိုးမလျော့သွားပါဘူး။
လူ့ဘ၀ခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သင်ကသင်ပါပဲ။ ညစ်ပတ်နေတဲ့ အ၀တ်တွေကိုဝတ်ထားပါစေ။အားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။
အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားဆီ စာတစ်စောင် ရေးလိုက်တယ်။
"ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နာကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင် အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။
ချစ်တဲ့
အဖေ"
များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။
"ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။ သားအဲဒီအောက်မှာ သေနတ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ "
နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။ စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။ ဒါပေမယ့် ဘာ သေနတ်မှ မတွေ့လို့ ပြန်သွားလေရဲ့။ အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။ ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။
သားလုပ်သူ စာပြန်လိုက်တာက
"အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။"
ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အခု ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့ သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ဟာ ဘယ်ထောင့် ဘယ်နေရာမှာပဲ ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ် ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။
ချစ်သူများနေ့မှာ သူမဖတ်ဖို့
"ယောက်ျားနဲ့ မိန်းမဆိုတာ
ဘုရားသခင်က ပြုလုပ်ထားတဲ့
ကြောက်စရာအကောင်းဆုံး
ပြက်လုံးတစ်ခုပဲလေ . . .
တစ်ယောက်မရှိဘဲနဲ့ တစ်ယောက်မနေနိုင်ကြဘူး။
တစ်ယောက်ကို တစ်ယောက်လည်း
ဘယ်တော့မှ နာမလည်ကြဘူး . . ."
» ရော့ဘ်ရိန်နာ(အမေရိကန်ရုပ်ရှင်ဒါရိုက်တာ)
- ( ၁ ) -
ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်၊ ကင်းခြေများတစ်ကောင်နဲ့ ဖားတစ်ကောင် လမ်းမှာတွေ့ကြတော့ "ဒီလောက် ခြေထောက်တွေအများကြီးနဲ့ တစ်ချောင်းကိုတစ်ချောင်း မနင်းမိအောင် ဘယ်လိုလျှောက်လဲ" လို့ ဖားက မေး တယ်။ ကင်းခြေများလည်း သူဘယ်လိုလျှောက်ပါလိမ့် ဆိုပြီး သူ့ဘာသာသူ ငုံကြည့်ရင်း... ဆက်လျှောက်သွား တယ်။ ဟုတ်ပါရဲ့ သူ့ခြေထောက်တွေ တစ်ခုကိုတစ်ခု မနင်းမိကြဘူး။ ဒါပေမယ့် ဘယ်လို လျှောက်တာပါလို့ သူကိုယ်တိုင်လည်း ရှင်းမပြနိုင်ဘူး၊ ဒီလိုနဲ့ ခေါင်းကြီးငုံ့ပြီး စဉ်းစားရင်း စဉ်းစားရင်းနဲ့ လျှောက်လာလိုက်တာ... နောက်ဆုံးမှာ တွင်းနက်တစ်ခုထဲကို ပြုတ်ကျသွားပါလေရော. . . . .တဲ့။
အဲဒီလိုပါပဲ. . .
ငါ နင့်ကို ဘယ်လိုချစ်မိသွားတယ်
ဘယ်လောက်ချစ်မိသွားတယ်
ဘယ်တော့မှ မစဉ်းစားဘူး။
နောက်... တွင်းနက်ထဲကိုလည်း ဘယ်တော့မှ အကျမခံဘူး။
- ( ၂ ) -
တစ်ခါက ကုလားအုတ်ပေါက်လေးတစ်ကောင်ဟာ သူအမေကို သူမရှင်းတာတွေ တတွတ်တွတ်မေးနေတယ်။
"မေမေ... သားတို့ ကျောပေါ်က ဘုကြီးက ဘာလုပ်ဖို့လဲဟင်"
"ရေတွေကို သိုလှောင်ထားနိုင်ဖို့ပေါ့ကွယ်၊ ရေမရှိတဲ့ သဲကန္တရထဲမှ ခရီးသွားနိုင်တဲ့ သတ္တဝါဆိုလို့ ကမ္ဘာပေါ်မှာမေမေတို့ပဲရှိတာ သားရဲ့. . .။ ဘယ်သတ္တဝါမှ မသွားနိုင်ကြဘူး။" လို့ မိခင် ကုလားအုတ်မကြီးက ဂုဏ်ယူစွာနဲ့ ပြန်ဖြေလိုက်တယ်။
ဒီတော့မှ ကုလားအုတ်ပေါက်ကလေးက ပိုပြီးနားမလည်နိုင် ဖြစ်သွားတဲ့ပုံနဲ့ အောက်ပါအတိုင်း မေးလိုက်တယ် -
"ဒါဆိုရင် သားတို့က တိရစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေကြတာလဲဟင်..."
အဲဒီလိုပါပဲ. . .
သဲကန္တရတွေထဲကို
ငါက လျှောက်သွားချင်လာတိုင်း
တိရစ္ဆာန်ရုံထဲမှ ထည့်ထားဖို့
မင်း... မကြိုးစားစေချင်ဘူး။
- ( ၃ ) -
ပြင်သစ်တော်လှန်းရေးကာလတုန်းကပေါ့. . . .။ ပြင်သစ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး 'ဘာစတီးအကျဉ်း ထောင်ကြီး' ပြိုလဲသွားတဲ့နေ့မှာပဲ လူဝီဘုရင်ဟာ သူ့နေစဉ်ဒိုင်ယာရီမှတ်တမ်းမှာ ဒီလိုရေးသားခဲ့တယ်။
"ဒီနေ့ ဘာမှ မထူးခြားဘူး . . ."
အဲဒီလိုပါပဲ. . .
ငါ့ရဲ့အိပ်မက်တွေ
ရစရာမရှိအောင် ပြိုလဲသွားချိန်မှာ
နင့် ဒိုင်ယာရီထဲ
"ဒီနေ့ ဘာမှ မထူးခြားဘူး..." လို့ မရေးစေချင်ဘူး။
- ( ၄ ) -
တစ်ခါတုန်းက နားလေးတဲ့ ကားဒရိုင်ဘာနှစ်ယောက်ရှိတယ်၊ တစ်နေ့မှာ အဲဒီထဲက တစ်ယောက်ရဲ့ကားဟာ လမ်းဘေးမှာ ပျက်နေတယ်။ ကျန်တဲ့တစ်ယောက်ရဲ့ ကားရောက်လာပြီး လှမ်းမေးတယ်။
"ဟေ့ရောင်....ဘာလဲ၊ ဓါတ်ဆီကုန်သွားတာလား. . ."
ဒီတော့ ကားပျက်နေတဲ့ တစ်ယောက်က ပြန်ဖြေတယ်။
"မဟုတ်ပါဘူးကွာ...ဓါတ်ဆီကုန်သွားလို့ပါ"
အဲဒီလိုပြန်ဖြေတာကိုကြားတာနဲ့ ကားပေါ်က ဒရိုင်ဘာက စိတ်အေးလက်အေးဖြစ်သွားတဲ့ မျက်နှာနဲ့
"မသိပါဘူးကွာ၊ ငါက ဓါတ်ဆီကုန်သွားတာလားလို့ "
ဆိုပြီး ဆက်မောင်းသွားတော့တယ်။ ဘေးက လူတွေကတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့၊ သူတို့ကတော့ အဆင်ကိုပြေလို့ပဲ. . .
အဲဒီလိုပါပဲ. . .
ငါ့တို့ရဲ့အားနည်းချက်တွေ၊
ငါ့တို့ရဲ့သိမ်ငယ်မှုတွေ၊
ငါတို့ရဲ့ ပျက်ကွက်မှု့တွေအတွက်
ငါတို့ချင်းပဲ နားလည်ကြမယ်
တခြားသူတွေ နားမလည်ရင်လည်း ရှိပါစေတော့ကွာ။
- ( ၅ ) -
တစ်ခါတုန်းကတော့ "ချာလီချက်ပလင် အတု" ပြိုင်ပွဲတစ်ခု လုပ်ကြတယ်တဲ့၊ ဒါကို နောက်ချင်တဲ့ ချာလီချက်ပလင် အစစ်က သွားပြိုင်တယ်။ အံ့သြစရာကောင်းတာက သူ အဲဒီပြိုင်ပွဲမှာ ဒုတိယပဲ ရခဲ့တယ်။ အများအမြင်ဆိုတာဟာ ဘယ်လောက်များ သံဿယရှိစရာ ကောင်းလိုက်ပါလိမ့် . . . .
အဲဒီလိုပါပဲ. . .
ကိုယ်တို့ ခရီးစဉ်အတွက်
(တစ်ခါတစ်ရံမှာ....)
"ပတ်ဝန်းကျင်" ဆိုတာရဲ့ အမြင်ကို
လစ်လျူရှုပြီး လျောက်ရလိမ့်မယ်။
- ( ၆ ) -
"ကွမ်တမ်မက္ကင်းနစ်" ကို စတင်ဖော်ထုတ်ခဲ့တဲ့ ဂျာမန် ရူပဗေဒပညာရှင် မာ့က်စ်ဘွန်း ဟာ သူ့ရဲ့ဒေါက်တာဘွဲ့ အတွက် လူတွေ့အစစ်ဆေးခံရတယ်။ ဒီတော့ လူကြီးတွေက မေးတယ်၊ "ကြယ်ကြွေကျတာကို မြင်တဲ့အခါ မောင်ရင် ဘာလုပ်သလဲ" ။ ဘွန်းက အဲဒီမေးခွန်းကို အောက်ပါအတိုင်း ဖြေရမယ်လို့ နားလည်ပါတယ်။
"ကျွန်တော် နာရီကို ကြည့်လိုက်မယ်၊ အချိန်ကို မှတ်မယ်၊ ဘယ်ကြယ်နက္ခတ်စုက ကျလာသလဲဆိုတာ ဆုံးဖြတ်မယ်၊ လှုပ်ရှားမှု့ရဲ့ ဦးတည်ချက်နဲ့ အလင်းတန်းရဲ့ အရှည်ကို အကဲဖြတ်ပြီး... အနီးစပ်ဆုံး လမ်းကြောင်းကို တွက်ချက်ပါမယ်"
ဒါပေမယ့် သူ့ရင်ထဲက ပြောချင်နေတဲ့ ရိုးရိုးသားသား စကားတစ်ခွန်းကိုပဲ ဖြေလိုက်တယ်။
"လိုချင်တာ တစ်ခုကို ဆုတောင်းပါမယ်..."
အဲဒီလိုပါပဲ. . .
ကိုယ်တို့တွေလည်း
(ရင်ထဲကလာတဲ့ ....)
"ရိုးရိုးသားသား စကားတစ်ခွန်းကို" ပြောပြဖို့
ဝန်မလေးကြစို့လားကွယ် . . . . ။
မိုးကလည်းရွာ ထီးကလည်းမပါ
ိုလူ ။ ။ဖားသား တပည့်တော်အပြစ်ဝန်ခံချင်လို့ပါ။
ဘုန်တောကြီး။ ။ပြော ငါ့သား
ိုလူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတယောက်အိမ်သွားလည်တာ သူငယ်ချင်လည်းမရှိဘူး
သူ့မိန်းမပဲရှိတယ်။ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်
မိုးကရွာပါလေရော။ခက်တာက ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာ
ထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့ သိပ်ပြီး အပြစ်မရှိပါဘူး
ိုလူ ။ ။တနေ့က ခယ်မအိမ်သွားအလုပ်ရှိလို့သွားတာ
ခယ်မခင်ပွန်းကလည်းမရှိဘူး။ဒါနဲ့ပြန်မယ်လည်းလုပ်ရော
မိုးကရွာပါလေရော။ကျွန်တော်မလည်း ထီးလည်းမပါဘူး။ဒီတော့
မိုးကလည်းရွာထီးကလည်းမပါနဲ့
ခယ်မနဲ့ မှားခဲ့ပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့
သိပ်ပြီး အပြစ်မရှိပါဘူး။
ိုလူ ။ ။ဟိုနေ့ကလည်း ယောက်ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး
ဘယ်သူမှမရှိဘူး ။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်း
မိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မိပြန်ရော။
ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။
ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား....
လူ ။ ။မပါဘူးလေ ဘာဖြစ်လို့လည်း။
ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့။
ကံကောင်းခြင်းလက်ဆောင်များ
သို့ သော် ယင်းတို့ သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။
အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။
၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။
၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့ ၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
၎။ "မင်းကိုချစ်တယ် "ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။
၅။ "ကျွန်တော်စိတ်မကောင်းပါဘူး" ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။
၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည် အများကြီးမအောင်မြင်နိုင်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင် စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း မပြုပါနှင့်။
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ ပြုံးပြီးမေးလိုက်ပါ။ "ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ" လို့ ။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
သူငယ်ချင်းတို့ ဖတ်ဖို့
ဒီတစ်ခါတော့ မိမိကိုယ်ကိုကျန်းမာရေး အသိရှိကြအောင် လက်ဝါးပြင်ကိုကြည့်ပြီး ရောဂါရှာဖွေ စစ်ဆေးနည်းလေးကို မိတ်ဆွေသူငယ် ချင်းတို့ အသိအမြင်ကြွယ်ဝစေနိုင်ဖို့ " လက်ဝါးပြင်နှင့်ကျန်းမာရေး" အကြောင်းလေးအနည်း ငယ်ပြန်လည်မျှဝေလိုက်ရပါတယ်။
၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
၎။ လက်တစ်ချောင်းစီ၏ပုံစံ
၅။ လက်ဝါးပြင်၏အရောင်အဆင်း
၆။ ဂြိုလ်ခုံပေါ်တွင်ပေါ်သောအကြောစိမ်း
၇။ လက်သည်းခွံအရွယ်အစား
၈။ လက်ဝါးပြင်ပေါ်မှလက္ခဏာလမ်းကြောင်း
* သတိပြုရန်
ယောက်ျားလေး - အသက် ၁၆ နှစ် အထက်မစှကြည့်ရမယ် - ဘယ်ဘက်လက်
မိန်းခလေး - အသက် ၁၆ နှစ် အထက်မှစကြည့်ရမယ် - ညာဘက်လက်
မကြည့်သင့်သောအချိန် - အရက်သောက်ပြီးချိန်၊ ဒေါသထွက်ချိန်၊ လူတွေအများအပြားရှိချိန်
* လက်ဆွဲနှုတ်ဆက်ချိန်
လက်မနှင့်လက်ညှိုး ၃၀ ဒီဂရီစောင်းနေရင် - ကိုယ်ခံအားနည်း၊ ကျန်းမာရေးဂရုစိုက်ရန်
လက်မနှင့်လက်ညှိုး ၄၅ ဒီဂရီစောင်းနေရင် - ကျန်းမာရေးကောင်း၊ ဟော်မုန်းပြောင်းလဲနေ
လက်မနှင့်လက်ညှိုး ၉၀ ဒီဂရီစောင်းနေရင် - သွက်လက်၊ အကောင်းမြင်ဝါဒီရှိ၊ အလုပ်ပေါ့ဆ
၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
* လက်ဝါးပြင် အေးစက်နေရင်.....
- သွေးကြောပိတ်ဆို့မှုများ
- သရက်ရွက်နဲ့ ကျောက်ကပ်အားနည်း
- အစာချေလမ်းကြောင်းမကောင်း
- လည်ပင်းမှာရှိတဲ့ ဂလင်းမကောင်း
- ကျောက်ကပ်နဲ့ ဆံပင်ဆက်စပ်နေ
- ဆံပင်ပါးရင်လည်းကျောက်ကပ်မကောင်း
* လက်ဝါးပြင် ပူနေရင်.....
- အသည်းကိုဂရုစိုက်
- သည်းခြေ၊ နှလုံး၊ သရက်ရွက်မကောင်း
- အာသီးရောင်၊ အာခေါင်ခြောက်၊ ပါးစပ်ခါး၊ အိပ်ရေးပျက်
* လက်ဝါးပြင် ချွေးထွက်နေရင် (ရိုးရိုးချွေးထွက်နေရင်).....
- ကိုယ်ခံအားနည်း
- သရက်ရွက်အားမကောင်း
* လက်ဝါးပြင် စေးကပ်ကပ်နဲ့အဆီပြန်နေရင်.....
- ဆီးချို၊ သွေးချိုဝေဒနာရှိ ၊ မရှိခဲ့ရင်လည်းရှိလာမယ့်အနေအထား
- ဟော်မုန်းဓာတ်မညီမျှ ပြောင်းလဲနေ
* လက်ဝါးပြင် ဖောင်းတင်းနေရင်.....
- အဆီများတဲ့လက်
- စားချင်တာစားတဲ့လက်မျိုး
* လက်ဝါးပြင် ခြောက်ကပ်နေရင်.....
- အဆုတ်ရောဂါ၊ အဆုတ်နဲ့အသားအရေဆက်စပ်နေ
- အဆုတ်-TV ရောဂါသမား
* လက်ဝါးပြင် အပူအအေးမညီမျှရင်....
- သွေးအားနည်း
- ရာသီဥတုဒဏ်ကိုမခံနိုင်
* လက်ဝါးပြင် ပျော့ပြီး အသားထူနေရင်.....
- ဖျတ်လတ်ပြီး ကိုယ်ခံအားကောင်း
- အချို့သောလက်ဖ၀ါးတွေဟာတော့ ထူပေမယ့် ကိုယ်ခံအားနည်းတက်
* ကိုယ်ခံအားကောင်း ၊ မကောင်းသူက.....
- ကိုယ်ခံအားကောင်းသူ (လက်ချောင်းထိပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ချက်ခြင်းပြန် ဖောင်းတက်လာရင်)
- ကိုယ်ခံအားနည်းသူ ( လက်ချောင်းထပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ပြန်ဖောင်းမလာပဲ ကြာနေရင်)
* လက်ဝါးပြင်ပျော့ပြီးအသားပါးရင် - အားနည်းခြင်း
* လက်ဝါးပြင်မာပြီးအသားပါးရင် - အစာချေမှုအားနည်း
* လက်ဝါးပြင်ပျော့ရင် - သက်သက်သာသာနေရသူ
* လက်ဝါးပြင်မာရင် - အမြဲသွာလာလှုပ်ရှားနေရသူ
* လက်ဝါးပြင်မာ၊ ကြမ်း၊ အသာမာတက်နေရင် - ငြိမ်ငြိမ်မနေရ ၊ အလုပ်အမြဲလုပ်နေရသူ
၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
- လက်သည်းခွံအရင်းမှာ လက်ပန်းကုံးလက်ချောင်းတိုင်းမပေါ်ရင် - ကယ်လ်ဆီယမ်ဓာတ်လို
- လက်သည်းခွံ ၅ပုံ၊ ၁ပုံ ခုံးနေရင် - သွေးအဆီများသူ
- လက်ပန်းကုံး - အဖြူရောင်မှကောင်း
- လက်ပန်းကုံး ပန်းရောင် - ဆီးချို၊ သွေးချို ရှိ
- လက်ပန်းကုံး အညိုရောင် - ကျောက်ကပ်မကောင်း
- လက်ပန်းကုံး မီးခိုးရောင်သမ်းနေ - အစာချေလမ်းကြောင်းမကောင်း
- လက်ပန်းကုံး အမဲရောင် - ကင်ဆာ ( အဆိပ်အတောက်များသူ)
၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
- လက်သည်းခွံပေါ်တွင် အဖြူစက်ပေါ်နေ - သွေးအားနည်း
- လက်သည်းခွံပေါ်တွင် အမဲစက်ပေါ်နေ - သတိထားရမယ် ( သွေးကြော၊ လေကြောပိတ်ဆို့)
- လက်သည်းခွံပေါ်တွင် အဆင်းကြောင်းထ - နာတာရှည်ရောဂါ၊ အာရုံကြော၊ ခုခံအားကျ
- လက်သည်းခွံပေါ်တွင် အမဲကြောင်းပေါ် - ကျောက်ကပ်အလွန်အမင်းပျက်စီးနေ၊ အသည်းနဲ့ ပတ်သတ်တဲ့ရောဂါ၊ ကင်ဆာ
- လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ (အလျားလိုက်) - အစာအိမ်အချဉ်ပေါက်
- လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ ( ဒေါင်လိုက် ) - ခေါင်းခဏခဏကိုက်တက်
- လက်သည်းခွန် မာလွန်းပျော့လွန်းရင် - ကယ်လ်ဆီယမ်ဓာတ်လို
၎။ လက်တစ်ချောင်းစီ၏ ပုံစံ
* လက်မ
(သရက်ရွက်၊ အဆုပ် ၊ နှလုံးနှင့်ဆိုင်)
- လက်မအရင်းတုတ်ပြီး အဖျားရှုးနေရင် - သွေးအဆီများ၊ အဆီလျော့ဖို့လို၊ အဆီချဖို့ခက်ခဲ
- လက်မအရင်းရူးပြီး အဖျားတုတ်နေရင် - အာဟာရစုပ်ယူမှုအားနည်း၊ ကိုယ်ခံအားနည်းသူ
- လက်မတုတ်တုတ်ခိုင်ခိုင်ရှိရင် - ဒေါသကြီး၊ အပူများသူ
- လက်မအရင်းရူပ်ထွေးပြီး တြိဂံပုံသဏ္ဍာန်ပေါ်နေရင်- နှလုံးရောဂါဖြစ်
*လက်ညှိုး
(အူလမ်းကြောင်း ၊ နှလုံးလမ်းကြောင်းကိုယ်စားပြု )
- လက်ညှိုးအရောင် ဖြူပြီးဖျော့နေရင် - ကိုယ်ခံအားမကောင်း
- လက်ညှိုးအရင်းတုန်ပြီး အဖျားရှုးနေရင် - အစာမချက်
- လက်ညှိုး တတိယအဆစ်ရူပ်ယှက်ခက်နေ - အစာအိမ်၊ လေဖြတ်
- လက်ညှိုးဘေးအကြောစိမ်းပေါ်နေ - ၀မ်းချုပ်၊ အကြောတက်၊ ခေါင်းကိုက်
- အကြောစိမ်းလက်ကောက်ဝတ်မှာပေါ် - နှလုံးရောဂါရှိ
* လက်ခလယ်
( ဦးခေါင်းကိုယ်စားပြု၊ ဦးခေါင်းမျက်လုံးနှာခေါင်းကိုယ်စားပြု )
- ဦးခေါင်း၊ မျက်လုံး၊ နှာခေါင်းနှင့်ဆိုင်
* လက်သူကြွယ်
(သည်းခြေ၊ အသည်းတို့ကို ကိုယ်စားပြု ၊ ဟော်မုန်းကဏ္ဍ)
- ခန္ဓာကိုယ်တစ်ခုလုံး အကြောထိန်းချုပ်
- အသည်း၊ သည်းခြေနှင့်ဆိုင်
* လက်သန်း
( ကျောက်ကပ်ကိုကိုယ်စားပြု၊ အူသိမ်နှလုံးအဖုံး၊ ရင်ပိုင်းအဆစ်လေပြွန်)
- ကျောက်ကပ်ကိုကိုယ်စားပြု ၊ နှလုံးအူသိမ်နဲ့ဆက်စပ်နေ
- လက်သန်းက ရှည်ဖျောင့် ပြီး လက်သူကြွယ် ဒုတိယဆစ်မှီ့နေမှကောင်း
- လက်သန်းက လက်သူကြွယ် ဒုတိယဆစ်ကိုမမှီပဲတိုနေရင် ( သရက်ရွက်မကောင်း၊ မွေးဖွား အင်္ဂါဖွင့်ဖြိုးမှုနည်း)
- လက်သန်း သိမ်လိုက်ရှုးလိုက် (ကျန်းမာရေးမကောင်း၊ ချူချာတဲ့လက်)
၅။ လက်ဝါးပြင်နှင့်အရောင်အဆင်း
လက်ဝါးပြင် ဖြူပြီးအေးစက်နေ - ကျောက်ကပ်၊ အဆုတ်၊ နှလုံး မကောင်း
လက်ဝါးပြင်အလွန်မင်းနီနေ - အဆီများ၊ သွေးတိုး၊ သွေးလည်ပတ်မှုမကောင်း
လက်ဝါးပြင် အမဲပျောက်များနေ - ဆေးလိပ်သောက်တဲ့သူ၊ သွေးကြောလေကြောပိတ်၊ အဆိပ်အတောက်များသူ
လက်ဝါးပြင် အဖြူမှာအ၀ါသန်းနေ - အသည်းလုပ်ငန်းပျက်စီး၊ အသည်းရောဂါ(အသားဝါ)၊ အစာချေဖျက်မှုမကောင်း
လက်ဝါးပြင် မဲပြီးဝါနေ - အခြေအနေဆိုး ( သွေး၊ အသည်းနှင့်ပက်သတ်)
လက်ဝါးပြင် စိမ်းပြီးညိုပုတ်ပုတ်ဖြစ် - ဦးနှောက်သွေးကြောပြတ်တက်၊ ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုမကောင်း
အဆစ်တိုင်းမဲ၊ စိမ်း၊ စိမ်းပုတ်ပုတ်၊ ညိုပုတ်ပုတ်ဖြစ် - သွေးကြောပိတ်ဆို့မှုနည်း၊ နှလုံးကြွက် သားအားနည်း
လက်ဝါးပြင် နွေးထွေးပြီးပန်းရောင်သန်းနေ - ကျန်းမာရေးကောင်းသူ
* လူတစ်ယောက်ဟာ...
စိုးရိမ်တက်လွန်းရင် - အဆုတ်ကိုထိခိုက်
ကြောက်လန့်လွန်းရင် - ကျောက်ကပ်ကိုထိခိုက်
ဒေသကြီးလွန်းရင် - အသံကိုထိခိုက်
အပျော်လွန်ရင် - နှလုံးကိုထိခိုက်
သူငယ်ချင်းများအားလုံး ဗဟုသုတ တိုးနိုင်ပါစေ ......။ ။
****ဤစာဖတ်ခါ မိတ်သဟာ .... ချမ်းသာကိုယ်စိတ်မြဲပါစေ****
ပဋိစ္စသမုပ်ပါဒ် စက်ရဟတ် ဆိုသည်မှာ
၁။ လူ၊နတ်ဗြဟ္မာ ခန္ဓာငါးပါးတို့၌ရှိသော အနိစ္စဘေး၊ ဒုက္ခဘေး၊ အနတ္တဘေးတို့ကို ဖုံးဝှက်ကွယ်ကာ၍နေသော အ၀ိဇ္ဇာတည်းဟူတော အမှောင်ဓတ်ကြီး တစ်ခုသည် သတ္တ၀ါတို့ဧ။် စိတ်ထဲ၌ အမြဲကိန်းဝပ်၍နေဧ။်။
၂။ ထိုအ၀ိဇ္ဇာရှိနေခြင်းကြောင့် ပစ္စုပ္ပန်ခန္နာကိုသာယာမှောက်မှား
၃။ ကောင်းမှု၊ မကောင်းမှုကိုပြုကြသည့်အတွက် သေသည်မှနောက်ကာလ ဘ၀တစ်ပါးတွင်ဝိညာဉ်ဟူသော စိတ်တစ်ခုသည် ဖြစ်ပေါ်လေဧ။်း။
၎။ ၀ိညာဉ် ဟူသောစိတ် ဖြစ်ပေါ်လျှင် ထိုဝိညာဉ်ဧ။် တည်နေရာရုပ်ခန္ဓာအိမ်နှင့် ၀ိညာဉ်ဧ။် အကိုင်းအခက် ဖြစ်ကုန်သော ဖဿ၊ ဝေဒနာ အစရှိသော နာမ်ခန္ဓာတို့သည်တစ်ပြိုင်နက် ဖြစ်ပေါ်ကုန်၏။
၅။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ ၂-ပါးဖြစ်ပေါ်လျှင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မနော-ဟူသော ဒွါရ ၆-ပါး၊ တံခါးး၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၆။ ဒွါရ၆-ပါးဖြစ်ပေါ်လျှင် ထိုဒွါရ၆-ပါးတွင် ခိုက်လာဆိုက်လာသောအာရုံ ၆-ပါးတို့ကို စိတ်၏တွေ့ခြင်းဟူသောဖဿ ၆-ပါးတို့သည်ဖြစ်ပေါ်ကုန်၏။
၇။ ဖဿ၆-ပါးဖြစ်ပေါ်လျှင် ထိုအာရုံ၆-ပါးကိုခံစားမှု စံစားမှု ဟူသောဝေဒနာ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၈။ ဝေဒနာ ၆-ပါးဖြစ်ပေါ်လျှင် ခံစားဖို့ စံစားဖို့ အာရုံ၆-ပါးကို သာယာတွယ်တာသော တဏှာ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၉။ တဏှာ ၆-ပါးဖြစ်ပေါ်လျှင် အပြင်းအထန် စွဲလန်းသောဥပါဒါန်တရား ၄-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၁၀။ ဥပါဒါန်တရားစွဲလန်းမှုကြောင့် ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကုသိုလ် အကုသိုလ်ကံ ၃-ပါးတိုံသည်ဖြစ်ပေါ်လာကုန်၏။
၁၁။ ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်ပေါ်လျှင် နောက်တစ်ဖန် ဘ၀အသစ် ဖြစ်ပေါ်ပြန်၏။
၁၂။ ဘ၀သစ်ဖြစ်ပေါ်လျှင် အိုခြင်း၊ သေခြင်း ဘေးကြီး ၂-ပါးတို့သည် အမြဲဖြစ်ပေါ်လာကုန်၏။
ဤကား အနမတဂ်ဂသံသရာ၌ အစဉ်တစိုက်ဖြစ်ပွား၍နေသော ပဋိစ္စသမုပ်ပါဒ် ရဟတ်စက်ချား လမ်းမှားလမ်းဆိုးအကြောင်းကြီးပေတည်း။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားတော်မူသော ကမ္မဌာန်းကျမ်းကြီး(တတိယအကြိမ်) စာ-၁၁၅၊ ၁၁၆ မှကူးယူဖြန့်ဝေပါသည်။
အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................
စိတ်ချင်းအဖော်
ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…
ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…
ကိုယ့်ကို နားလည်တဲ့သူ…
(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊
အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို
အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊
အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။
သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ
တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။
စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။
အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။ အဲဒီလို
မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊ ပိုင်ဆိုင်မှုတွေ
အကြောင်း မပြောဘူး ။ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့
ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။
တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။
တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။ တစ်ယောက်ရဲ့ လွတ်လပ်မှုကို
တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။ သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့်
သူ မလွတ်လပ်တာ မဖြစ်စေရဘူး ။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်
။ ဒါမှ " Soul Mate " ဖြစ်မယ် ။
ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက်
အသုံးဝင်မည့် website လေးတွေပါ (တန်ဖိုးရှိအောင် အသုံးချလျှငှ်တန်ဖိုးရှိပါသည်။) တန်ဖိုးရှိမရှိသည် ကိုယ့်အပေါ်တွင် မူတည်ပါသည်။
>
> - ဖရီးမြန်မာဗွီစီဒီ <http://www.freemyanmarvcd.net/index1.php?d=24713>
> - မင်းသီလမြန်မာဗွီဒီယို <http://www.minthila.com/>
> - မြန်မာသီချင်းများ(မြန်မာဘလော့) <http://www.mp3.mmblogs.net/>
> - မြန်မာရုပ်ရှင်ဗွီဒီယိုများ(ဘားမိကလပ်စစ်)<http://www.burmeseclassic.com/>
> - ရွှေအိုးမြန်မာရုပ်ရှင် <http://www.shweo.com/>
> - မြန်မာသီချင်းများ(မဇ္ဇူရီ) <http://www.myitzuri.com/>
> - မြန်မာ-နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများ<http://www.i-filmfest.blogspot.com/>
> - မြန်မာရုပ်ရှင်၊သီချင်းများ <http://www.flashband.net/home.php>
> - ရွှေအိမ်မက်မြန်မာဇာတ်လမ်းများ<http://shwedream.com/index.php?L=music.movies>
> - အာရှနိုင်ငံများမှ ဇာတ်လမ်းများ <http://aznv.tv/?p=login>
> - ကိုရီးယား၊ဂျပန်၊ထိုင်ဝမ် ဇာတ်လမ်းများ <http://www.mysoju.com/>
> - နိုင်ငံခြားရုပ်ရှင်များ <http://www.dramacrazy.net/>
>
> နည်းပညာဆိုင်ရာများ
>
> - <http://studioamk.com/blog/>
>
> - မြန်မာမိသားစုဖိုရမ် <http://www.myanmarfamily.org/>
> - ပဒုမ္မာ(အွန်လိုင်းဂျလေဘီများ) <http://www.padonma.com/forums/index.php>
> - အင်္ဂလိပ်လိုရေးသောဖိုရမ် <http://www.katzforums.com/index.php>
> - မြန်မာမြားနတ်မောင်ကွန်မြူနတီဖိုရမ်<http://www.myanmarcupid.net/community/index.php>
> - သတ္တမနည်းပညာရပ်ဝန်း <http://www.technical-seven.com/forum/index.php>
> - မြန်မာချက်အွန်လိုင်းဖိုရမ်<http://www.myanmarchatonline.org/forum/index.php>
> - MYSTERY ZILLION
> Forum<http://www.mysteryzillion.org/forums/forumdisplay.php>
> - Planet ဖိုရမ် <http://www.planet.com.mm/forums/>
> - အဖြူရောင်သံစဉ်မြန်မာဖိုရမ်<http://www.apytz.net/forum/forumdisplay.php>
> - Registry အကြောင်းများသိစေရန် <http://tavoythar-pcregedit.co.cc/>
>
> ဖတ်စရာမှတ်စရာ ဝက်ဆိုဒ်များ
>
> - မိုးသောက်ကြယ် <http://www.moethaukkye.com/>
> - လောကအလှအွန်လိုင်းမဂ္ဂဇင်း <http://www.lawka-ahla.com/>
> - ရိုးမ-၃ <http://www.yoma3.org/>
> - ရွေအမြုတေ <http://www.shweamyutay.com/site/index.php>
> - လောကအလှ <http://www.lawka-ahla.com/>
> - နေ့သစ် <http://www.naytthit.com/>
> - အိုးဝေ (စင်္ကာပူ) <http://www.owaysingapore.net/>
> - ဖွဲ့တည်ရာ မီဒီယာ <http://existencemediagroup.com/>
> - ခေတ်လူငယ် <http://www.khitlunge.org.mm/>
> - သံလွင်အိမ်မက် <http://www.thanlwin.com/thanlwinainmat/>
> - ဈေးကွက် <http://www.zaygwet.com/>
> - ပေါ်ပြူလာမြန်မာ <http://www.popularmyanmar1.com/>
> - ပလန်းနက် <http://www.planet.com.mm/>
> - တူဒေးမြန်မာ <http://www.myanmar2day.com/>
> - မြန်မာ့အလင်း <http://www.myanmar.com/newspaper/myanmarahlin/index.html>
> - သာကီနွယ် <http://www.myanmarnargis.org/>
> - လူ့အခွင့်အရေးတိုးတက်ရေးအဖွဲ့ <http://www.ghre.org/mm/>
> - ယနေ့မြန်မာ <http://burmatoday.net/>
> - ခေတ်ပြိုင် <http://www.khitpyaingnews.org/index.php>
> - အာဖက်ဖ်အေ <http://www.rfa.org/burmese>
> - လွတ်လပ်သောမွန်သတင်းအေဂျင်စီ<http://www.monnews-imna.com/burmese/news.php>
> - နိရဉ္စရာ <http://www.narinjara.com/burmese.asp>
> - ဧရာဝတီ <http://www.irrawaddy.org/bur/>
> - သတင်းနှင့်မီဒီယာကွန်ယက် <http://www.nmg-news.com/nmg/defaultmm.html>
> - ဒီဗွီဘီ <http://burmese.dvb.no/>
> - မဇ္ဖိမ <http://www.mizzimaburmese.com/>
> - မိုးမခ <http://moemaka.com/>
> - သျှမ်းသံတော်ဆင့်<http://www.mongloi.org/burmese/index.php?option=com_content&view=fron...>
> - ဘီဘီစီ မြန်မာပိုင်းအစီအစဉ် <http://www.bbc.co.uk/myanmar/index.shtml>
> - ရိုင်ရယ်လ်မြန်မာ <http://www.royal-myanmar.com/>
> - အင်တာနက်ဂျာနယ် <http://www.myanmarinternetjournal.com/>
> - People Magazine <http://www.people.com.mm/>
> - လျှပ်တပြတ် <http://snapshot-news.com/>
> - ရန်ကုန်တိုင်း <http://yangonmedia.com/news/>
> - ၀ိကလီးအလဲဗင်း <http://weeklyeleven.com/>
> - မြန်မာတိုင်း <http://mmtimes.com/>
>
> အားကစားဆိုင်ရာ ဆိုဒ်များ
>
> - www.first-11.com <http://www.first-11.com/fdet.php?id=1>
> - www.mutdfan.com
> - www.lfc4myanmar.com <http://www.lfc4myanmar.com/site/index.php>
> - www.myanmarchelseafan.blogspot.com<http://myanmarchelseafan.blogspot.com/>
> - www.mmmanuforum.co.cc
> - www.myanmargoal.com <http://www.myanmargoal.com/mmgoal/>
> - www.soccermyanmar.com <http://www.soccermyanmar.com/sm/>
>
> ကျန်းမာရေးဆိုင်ရာ ဝက်ဆိုဒ်များ
>
> - www.mhyawlintchin.blogspot.com <http://mhyawlintchin.blogspot.com/>
> - www.myanmarhealthcare.com
> - www.myanmarmedicine.com
> - www.drwinthein.co.cc
> - www.health.ngoinmyanmar.org<http://health.ngoinmyanmar.org/2007_11_01_archive.html>
>
> မြန်မာဆိုင်ရာ အထွေထွေဝက်ဆိုဒ်များ
>
> - www.mmblogpress.com <http://mmblogpress.com/>
> - www.shwesagar.com
> - www.baydathukhuma.com (ဗေဒင်ပညာ) <http://www.baydathukhuma.com/>
> - www.mysuboo.com
> - www.love.talk4fun.net
> - www.lanolay1.netfirms.com <http://lanolay1.netfirms.com/>
> - ၀ိညဉ်သစ်စာအုပ်စင်<http://www.scribd.com/group/11436-weenyinthit-bookshelf>
> - Book Hive Library <http://www.books-hive.com/library/>
> - Shwemingalar Search Engine <http://www.shwemingalar.com/>
> - မြန်မာ အီးဘွတ်ခ် စာအုပ်များ <http://ebooks.mmblogs.net/>
> - Yangon Street Art (အနုပညာ) <http://www.ygnstreetart.com/>
> - မြန်မာအင်ဂျီအို
> အဖွဲ့အစည်းများ<http://www.ngoinmyanmar.org/index.php?option=com_frontpage&Itemid=136>
> - စင်္ကာပူတွင်အခွန်ဆောင်ရန် <http://www.myanmarvisaxpress.com/>
> - www.burmalibrary.org
> - မြန်မာပိုင်အိုးနီးယား <http://myanmarpioneer.com/home.php>
> - မြန်မာဒေါ့ကွန်း <http://www.myanmardotcom.com/Default.aspx>
> - မြန်မာနိုင်ငံနက္ခတ်ဗေဒင်သင်တန်းကျောင်း
> (နဒီ)<http://www.appliedastroinstitute.com/>
> - www.all-channel.com
> - www.myanmar2day.com
> - မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ <http://www.myanmarastro.com/>
> - ကွန်ပျူတာဗေဒသုခုမ <http://www.baydathukhuma.com/>
> - ယိမ်းနွဲ့ပါး <http://www.ynp-net.info/>
> - ဇော်ဂျီမြန်မာဖောင့် <http://www.zawgyi.net/>
> - ရန်ကုန်တက္ကသိုလ်ခြေလျှင်နှင့်တောင်တက်အသင်း <http://www.yuhm.org/>
> - Myanmar Books Catalogue <http://myanmarbooks.ning.com/>
> - မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ <http://www.myanmarastro.com/>
>
>
>
>
>
IF ...အကယ်၍
If you can keep your heard when all about you,
Are losing theirs and blaming it on you,
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။
If you can trust yourself when all doubt you,
But make allowance for their doubting too,
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။
IF you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
On watch the things you gave your life to broken.
And stoop and build'em up with won-out tools:
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။
If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။
If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ' Hold on:!'
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။
If you can wait and be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor take too wise,
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။
If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။
If you meet with triumph and Dister,
And tread those two imposters just the same;
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။
If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….
If neither foes nor loving friends can hurt you,
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။
If all men count with you, but none too much;
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….
If you can fill the unforgiving minute,
With sixth seconds' worth of distance run.
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
Yours is the Earth and everything that's in it,
And-which is more – you'll be a man, my son !
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။
ဘာသာပြန်ဆိုသူ ဒေါ်အောင်ဆန်းစုကြည်
(Translated by Aung San Su Kyi)
ငွေရောင်ငှက်နဲ့ ရွှေရောင်ငှက်
From: Maw Kwin <mawkwin418@gmail.com>
Date: 2009/9/28
Subject: Re: read
To: andrewha0184@gmail.com
> ငွေရောင်ငှက်နဲ့ ရွှေရောင်ငှက်
>
> တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမားဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။ ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ "ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။
>
> ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမားကို နေ့တိုင်း သီချင်းဆိုပြတယ်။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ်။
>
> ဒီလိုနဲ့ တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ငွေရောင်ငှက်ကို မြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို သူတွေ့ဖူးကြောင်း ပြောပြတယ်။ ရွှေရောင်ငှက်က ငွေရောင်ငှက်ထက်လှပြီး အသံပိုချိုကြောင်း ထင်းခုတ်သမားကို ပြောတယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက်လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့တယ်။
>
> ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ တမ်းတနေခဲ့တယ်။ ထင်းခုတ်သမားမှာ အပျော်ဆိုလည်း မရှိခဲ့တော့ပါဘူး။
>
> တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့ တွေးတောနေခဲ့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့ ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ်။ ငွေရောင်ငှက်က ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ် သီချင်းဆိုပြခဲ့တယ်။ သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ ကောင်းပေမယ့် ရွှေရောင်ငှက်လောက်တော့ မီမယ်မထင်ပါဘူး။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်လောက်တော့ လှမယ်မထင်ဘူးလို့" ပြောလိုက်တယ်။
>
> ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်အောက်မှာ ငှက်ရဲ့ ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင်ဖြစ်နေတာကို တွေ့လိုက်မိတယ်။ သူညစဉ် အိပ်မက် မက်ခဲ့တဲ့ ရွှေရောင်ငှက်လေး၊ သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ခုတော့ ငှက်ကလေးက ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းသွားခဲ့ပါပြီ။
>
> အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ်၊ အရပ် မြင့်ချင်မှလဲ မြင့်မယ်၊ ကိုယ်လုံးလှချင်မှလဲ လှမယ်၊ ဌေးချင်မှလဲ ဌေးမယ်၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ်၊ သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ/ မိန်းကလေးပီသသူလဲ ဖြစ်ချင်မှဖြစ်မယ်။
>
> ဒါပေမယ့်...
> လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ်။ ရွှေရောင်ငှက်ဟာ ကိုယ့်ဘေးမှာပဲ ရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ်။ အနားမှာရှိတဲ့ ငွေရောင်ငှက်ထက် ရွှေရောင်ငှက်ရဲ့ အသံက ပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ်။
>
> "မိန်းမတွေ လှကြစမ်းပါ၊ ယောက်ျားပီသကြစမ်းပါ" ကို ရေးမိပါတယ်။ တော်ကြာနေ ခါးကအဆီကို ကိုင်မိလို့ ချစ်သူပစ်သွားတယ်၊ နှုတ်ခမ်းကွဲလို့ အလှဆီလေး လိမ်းမိတာ ယောက်ျားဖြစ်ပြီး အလှကြိုက်တယ်ဆိုပြီး ချစ်သူပစ်သွားတယ်.. စတာတွေ ဖြစ်မှာစိုးလို့ ငွေရောင်ငှက်၊ ရွှေရောင်ငှက်ကို ဘာသာပြန်ရေးလိုက်ပါတယ်။ ဒီတစ်ခုထက် ဟိုတစ်ခု ကောင်းနိုးနိုးနဲ့ မသိမသာ ထင်းခုတ်သမားတွေ ဖြစ်မသွားကြပါစေနဲ့လို့.. ကျွန်မကို ရန်ရှာကြမှာ စိုးလို့ပါ :D
>
> soeminkhant ဘာသာပြန်သည်။
တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။ (အိမ်လွမ်းသူမှ)
လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့ ချက်ချင်းကြွေသွားတယ်.....
ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်...
ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်.....
သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်......
ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။
လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။
ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်။
ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။
နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။
ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။ ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။
ခဏလေးပဲ ပျံသန်းနိုင်တယ်။ မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။
ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကောင်း တာပဲလို့ စဉ်းစားတယ်။
အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။
မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။
ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။
ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့ တစ်ရက်မှာ
ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက ထူးဆန်းနေတဲ့ အချိန်မှာပဲ ဘဲကို ဆွဲထားတာကို တဖြည်းဖြည်းလွတ်လိုက်တယ်………….
ဂုဏ်သိက္ခာအရာအားလုံးကို စွန့်လွှတ်ပြီး ဘဲကိုချစ်ခဲ့တဲ့ ၊ ကိုယ်အရမ်းသံယောဇဉ်ထားရက်နဲ့ အလိုက်မသိ အခွင့်အရေးယူတဲ့ ဘဲကို
မထားချင်လည်း ရင်နာစွာထားခဲ့ရတဲ့ ငန်းကို အပြင်ပန်းက ကြည့်ရင် မစာနာတတ်သူလို့ ထင်စရာပေါ့......
အမြင့်ကိုမျှော်တိုင်း ပြုတ်ကျဖို့က ပိုလွယ်တယ် ဆိုတာမမေ့ပါနဲ့။ ဘ၀မမေ့ကြပါနဲ့။
တစ်ခါတစ်ခါ ကိုယ့်အပေါ် သိပ်သံယောဇဉ် ထားတဲ့ သူကိုတွေ့စဉ်မှာ အားလုံးကို ကျေနပ်ရောင့်ရဲတင်းတိမ်ရမယ်။
ရထားတာကို မြတ်နိုးတက်ရမယ်။
ကိုယ့်အတွက် သူ့တန်ဖိုးတွေ သိက္ခာတွေ ဘယ်လောက်ပေးဆပ်ခဲ့ရလဲ စာနာတတ်ရမယ်။
တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။
(အိမ်လွမ်းသူမှ)
ဆိုကရေးတီးနှင့်လူငယ် (အချစ်အတွက်ခံစားနေရလား)
လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။
လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ
မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက
ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?
လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့
ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက်
မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။
လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင်
တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။
လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း
သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။
ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို
လူလေး ခံစားရလိမ့်မယ်။
လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး
လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။
လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?
လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?
လူငယ်.....ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့
သူထင်ခဲ့ ရင်ကော...
လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က
သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။
လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက
လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့
သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့
အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့်
လိမ်ညာတယ်လို့ ခေါ်တာ။
လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ
ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ
အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ
သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။
သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။
လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က
သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။
သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက
သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့
လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ
...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...
လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ
ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို
ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။
လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ
အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့်
ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက
လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး
လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ
အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။
ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့
မဟုတ်ဘူး။
လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို
ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို
ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက
ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ
ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။
လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့်
နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား
ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့
ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့
မိတ်ဆက်ပေးပါရစေ။
လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော
လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို
ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။
နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့
ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။
လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။
ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။
လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန်
ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။
မိဘဆိုတာ
မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သည်။ သို့သော် မျက်နှာညာဘက်ခြမ်းမှာ အတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီးတစ်ခုထင်နေသည် ။
ကောင်လေးက သည်အမာရွတ်အကြောင်း မကြားချင်။ သည်အမာရွတ်ကြီး ဘာကြောင့်ရလဲ ဘယ်လိုရသလဲ မသိချင်။ ဒါကြောင့် ဘယ်တော့မှ သူမမေး။
အစည်းအဝေးမှာ တစ်ခြားလူများနှင့် ဆုံကြတော့၊ သူ့မိခင်မှာ အမာရွတ်ရှိတာ မှန်သော်လည်း ပင်ကိုအလှ ရှိတာ ယဉ်ကျေးပျူငှာတာတွေကြောင့် လူတွေက သဘောကျကြသည်။ ဒါကိုမြင်သော်လည်း ကောင်လေးရှက်ရွံ့ စိတ်မပြေ၊ ရှောင်ဖယ်ပုန်းလျှိုး၍ပဲ့နေသည်။
သို့သော် တစ်နေရာမှာတော့ ဆရာမနှင့် သူ့မိခင်တို့ စကားပြောနေကြတာ သူကြားရသည်။ "မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ" ဟုဆရာမကမေးသည်။
"သားလေး နို့စို့အရွယ်တုန်းကပေါ့၊ သူ့အခန်းထဲမီးလောင်တော့ သားက ခုတင်လေးထဲမှာ ၊ အခန်းထဲ မီးတွေ တဟုန်းဟုန်းနဲ့ ဆိုတော့ ဘယ်သူမှ မ၀င်ရဲဘူး၊ ကျွန်မ အတင်းဝင်ပြေးတာ၊ အဲဒီမှာ အပေါ်က ထုပ်တန်းကြီးတစ်ခု ပြုတ်ကျလာတော့ ကျွန်မကို ရိုက်မိပြီး အဲဒီမှာတင် မေ့လဲသွားတယ်၊ ကံအားလျော်စွားပဲ မီးသတ်သမား ရောက်လာပြီး ၀င်ကယ်လို့ သားအမိ နှစ်ယောက်စလုံး အသက်ချမ်းသာရာ ရတာ" ၊ မိခင်က မျက်နှာပေါ်ရှိ မီးလောင်ရာ အမာရွတ်ကို စမ်းရင်း ပြောပြနေသည်။ " တစ်သက်လုံး အမာရွတ်ကြီးတစ်ခုတော့ ထင်သွားတာပေါ့လေ၊ ဒါပေမဲ့ ဒီအတွက် ကျွန်မ တစ်ခါမှ ၀မ်းမနည်းမိပါဘူး" တဲ့ ၊ အမေကဆိုသည်။
သည်စကားကြားတော့မှ ကောင်လေး မျက်ရည်တွေ အ၀ိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကို ဖက်သည်။ သူ့အတွက် အသက်ပေးကာကွယ်မည့် အမေ၏ စေတနာ အမေ့မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲ လှိုက်၍နေသည်။ အဲသည်နေ့တစ်နေ့လုံး အမေ့လက်ကို သူတင်းတင်းဆုပ်ထားသည်။ တစ်ချက်မျှပင် မလွတ်တော့။
သင့်မှာစိတ်ဖိစီးမှုဘယ်လောက်ရှိလဲ.............
>
> ကင်းကောင် ၊ မျောက်ဝံ ၊ အော်ရင်အူတန် (လူ့ဦးနှောက်နီးပါး ရှိသောမျောက်)
> ၊ မျောက်ငယ် ..
> သူတို့တွေက အဲအပင်မှ ဌက်ပျောသီး အမြန်ဆုံး ဘယ်သူခူးနိုင်မလဲလို့
> ယှဉ်ပြိုင်ကြတယ် ..
> သင်ကောဘယ်လိုထင်လဲ .. ဘယ်မျောက်က အနိုင်ရမလဲဆိုတာ ..
> သေချာ စဉ်စားပြီး seconds 30 အတွင်း ဖြေကြည့်နော် .... = )
>
> ကဲ..အောက်မှာ အဖြေကို ကြည့်လိုက်နော် ... = )
>
>
>
>
>
>
>
>
>
>
>
>
> သင့်အဖြေက ...
> အော်ရင်အူတန် ဆိုရင် = သင်စိတ်ဖိစီးမှု တွေရှိနေပြီ ..
> မျောက်ဝံ ဆိုရင် = သင်အနားယူဖို့ လိုအပ်နေပြီ ..
> မျောက်ငယ် ဆိုရင် = တော်တော်ကြီးကို မှားနေပြီ .. စိတ်ရောဂါကု
> ဆေးရုံသွားသင့်ပြီနဲ့တူတယ် ... = D
> ကင်းကောင် ဆိုရင် = သင် တစ်နှစ်လောက် ကောင်းကောင်း အနားယူသင့်ပြီ ...
>
> ဘာဖြစ်လို့လဲဆိုတော့ .... အုန်းပင်ပါဆိုမှ ဘယ်ကဌက်ပျောသီးက လာရမှာလဲ ...
မော်စီတုံး၏ လေးစားဖွယ် စကားတစ်ခွန်း...(ဗဟုသုတ)
သူငယ်ချင်းတို့ရေ.....
ကြားဖူးကြမလား..........
" တွံထွေးတစ်စက် ဗုံးတစ်ချက်..." တဲ့..။
တွံထွေးတစ်စက်မှာ ပါတဲ့ ရောဂါပိုးဟာ ဗုံးတစ်လုံးကြောင့် လူသေစေတာထက် ပိုဆိုးတယ်လို့
ပြောချင်တာပါ..။
ဒါကို နောက်တစ်မျိုး " မော်စီတုန်း " ကပြောခဲ့တယ်..။
မော်စီတုန်း သူ့နိုင်ငံကို ထိန်းသိမ်းမြှင့်တင်ရတဲ့အခါမှာ သူပထမဦးဆုံး မြင်မိတာက အလေအလွင့်....။
ဒီအလေအလွင့်တွေကြားထဲကမှ သူကြောက်စရာ အကောင်းဆုံးအလေအလွင့်ကို သူ့တရုတ်
နိုင်ငံသားတွေကို တင်ပြတယ်..။ အလွန်ရိုးစင်းလှ သလို အလွန်လဲ ထိရောက်ကြောက်မက်ဖွယ်ရာကောင်းတယ်..။
အဲဒီတုန်းက တရုတ်နိုင်ငံဟာ လူနေမှု အဆင့်အတန်း အရမ်းနိမ့်ကျနေပြီး စည်းကမ်းမရှိ ၊
အသိပညာမရှိ ၊ အတတ်ပညာ ချိုတဲ့နေတဲ့ အချိန်..
မော်စီတုန်းက ဒီလိုပြောပြတယ်..။
" ဟုတ်ပြီ...ကျွန်တော်တို့ ဒီလိုစဉ်းစားရအောင်....။
ကျွန်တော်တို့ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုပါစို့...။
ထမင်းတစ်စေ့ဆိုတာ ဆန်တစ်စေ့ပဲပေါ့..။
ကျွန်တော်တို့အားလုံးဟာ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုရင်
တရုတ်ပြည်မှာ လူဦးရေ ဘယ်နှစ်ယောက်ရှိလဲ...ပြော...။
လူဦးရေ...သန်း ၂၀၀၀ ရှိတယ်လေ..။
လူတစ်ယောက်က ထမင်းတစ်ခါစားတိုင်း ဆန်တစ်စေ့ ကျန်တယ်ဆိုရင်
လူ သန်း ၂၀၀၀ အတွက် ဆန်အစေ့ ၂၀၀၀ ပေါ့..။
ဆန်အစေ့ ၂၀၀၀ ကို ပြန်တွက်ကြည့်ပါ..။ ဆန်ဘယ်နှစ်ပြည် ရမလဲလို့..။
ဒီရလာတဲ့ ဆန်ကို လူဘယ်နှစ်ယောက် ပြန်စားလို့ရမလဲ...။
ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ထမင်းစားရင် ထမင်းတွေ တစ်စေ့မကကျန်တာ မဟုတ်လား..။
နေ့စဉ် လူ ဘယ်နှစ်ယောက်ထမင်းစားနိုင်တဲ့ ဆန်တွေ ဘာလို့ အလေအလွင့်အဖြစ်
လွှင့်ပစ်နေပါသလဲ..။
နောက်ထပ် ဆက်တွေးကြည့်ပါ..။
ကျွန်တော်တို့ လွှင့်ပစ်လိုက်တဲ့ ထမင်းတွေ မြေကြီးပေါ်ကျတယ်ဆိုရင် ပုရွက်ဆိတ်လာမယ်..။
ယင်ကောင်လာမယ်..။ ယင်ကောင်က တဆင့် လောက်တွေပေါက်မယ်..။ ယင်ကောင်နဲ့ ပုရွက်ဆိတ်
ကိုစားတဲ့ အိမ်မြှောင် နဲ့ဖားက ပေါက်ပွားလာမယ်..။ ဒါနဲ့ အိမ်မြှောင် နဲ့ ဖားကိုစားတဲ့ မြွေ လို သတ္တ၀ါ
တွေ ပိုပေါလာမယ်..။ ဒါဆို မြွေကိုစားတဲ့ မြွေပါ လို သတ္တ၀ါတွေ ထပ်ရောက်လာမယ်..။
နောက်..နောက် .....ဆက်တွေးကြည့်ပါ..။
ပြီးတော့ ရောဂါပိုးတွေ ပွားလာမယ်..။ ရောဂါတွေ ဖြစ်လာမယ်..။ ကပ်တွေဖြစ်လာမယ်..။
ဒါတွေ အားလုံးဟာ ဘယ်ကစလဲ..။
ဘာမဟုတ်တဲ့ ထမင်းစားရင် ပိုတဲ့ ထမင်းလုံးလေးတစ်လုံးက စတာ မဟုတ်ဘူးလား..။
ဒီ ထမင်းလုံးလေးကို ပါးစပ်ထဲထည့်လိုက်တာ နဲ့ အပြင်ကိုလွှင့်ပစ်တာ ပြဿနာက ဒီလောက်
တောင်မှ ကွာပါတယ်..။
ဒါကြောင့် ထမင်းတွေ ပိုနေမယ်ထင်ရင် လျော့ချက်ပေါ့....။
နို့မို့ရင် နေလှန်း ထား ထမင်းခြောက် ပြန်ကြော်စားလို့ရတယ်လေ...။ "
မော်စီတုန်း၏ ဘ၀မှတ်တမ်း..မှ...
ပြင်ဆင်ဘာသာပြန်သည်...။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာဗျာ...။ တောရွာတွေမှာပေါ့...။
" ဟဲ့..ထမင်းတွေပိုနေရင် နောက်ဖေးပက်လိုက်လေ...ကြက်တွေစားရတာပေါ့...၊" ဆိုတာမျိုးတွေ
အများကြီးပါ..။
ပြီးတော့ တချို့ရှိတယ်ဗျ..။ ထမင်းကို ကုန်အောင်မစားပဲ နည်းနည်းချန်ထားတတ်တယ်လေ..။
ကျွန်တော်ကျောင်းသားဘ၀တုန်းက သူငယ်ချင်း ထက်ထက်အောင် က ကင်တင်းတိုင်ရင် အမြဲဒီလိုပဲ...။
စားလိုက်ရင်လဲထမင်းပေါင်း...။ စားပြီးရင် နည်းနည်းအမြဲချန်ထားတတ်တယ်..။ ကျွန်တော်က မနေနိုင် မထိုင်နိုင် မေးတော့ " ပန်းကန်စောင့်နတ်အတွက်.." တဲ့လေ..။
" ဟာ...နင့်ဟာက မဟုတ်တာ ပန်းကန်စောင့်နတ်အတွက်ဆိုရင်လဲ အရင်ကျွေးပေါ့..။
ခုတော့ မဟုတ်တာ ...။" ဆိုပြီး ကျွန်တော် ဒီအကြောင်းအရာလေး ပြောပြမှ ထက်ထက်အောင်
သဘောပေါက်ပြီး နောက်မချန်တော့ဘူး..။
(ပန်းကန်စောင့်နတ်ကတော့ ကျွန်တော်ကို ကျိန်ဆဲနေမှာပဲဗျာ......ဟီး ...။)
သူငယ်ချင်းတို့ရေ...
မသိခင်ကတော့ ထားပါတော့ဗျာ..။
ခု သိလာမှတော့ သူငယ်ချင်းတို့အနေနဲ့ ထမင်းကို ထည့်ထားသလောက် ကုန်အောင် မစားသင့်ဘူးလားဗျာ..။
လိုအပ်ချက်တွေ မပြင်သင့်ဘူးလားဗျာ..။
ကျွန်တော်က ဘာကောင်မှ မဟုတ်ပါ..ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို အသိအမြင်
ပွင့်လင်း အဆင်မြင့်စေချင်တယ်..။ ဒါပါပဲဗျာ..။