Mm

https://mm1ink.net/iw6WYEn

Star 2

Star Click

Monday, October 19, 2009

ပဋိစ္စသမုပ်ပါဒ် စက်ရဟတ် ဆိုသည်မှာ

ပဋိစ္စသမုပ်ပါဒ် စက်ရဟတ် ဆိုသည်မှာ

၁။   လူ၊နတ်ဗြဟ္မာ ခန္ဓာငါးပါးတို့၌ရှိသော အနိစ္စဘေး၊ ဒုက္ခဘေး၊ အနတ္တဘေးတို့ကို ဖုံးဝှက်ကွယ်ကာ၍နေသော အ၀ိဇ္ဇာတည်းဟူတော အမှောင်ဓတ်ကြီး တစ်ခုသည် သတ္တ၀ါတို့ဧ။် စိတ်ထဲ၌ အမြဲကိန်းဝပ်၍နေဧ။်။
၂။   ထိုအ၀ိဇ္ဇာရှိနေခြင်းကြောင့် ပစ္စုပ္ပန်ခန္နာကိုသာယာမှောက်မှား
သည့်အတွက် သူ့အသက်ကို သတ်ခြင်း၊ သူဥစ္စာကို ခိုးယူခြင်း စသော အကုသိုလ် မကောင်းမှုတို့ကို ပြုကြကုန်ဧ။်။ နောက်ဘ၀ခန္နာကိုမှောက်မှားသည့်အတွက် ဒါနအမျိုးမျိုး၊ သီလအမျိုးမျိုး၊ မေတ္တာ စသော ဘာဝနာအမျိုးမျိုး ဟူသော ကုသိုလ်မှုတို့ကိ ပြုကြကုန်ဧ။်။ ထိုကောင်းမှု၊  မကောင်းမှု ၂-ပါးသည် သင်္ခါရ မည်ဧ။်။
၃။   ကောင်းမှု၊ မကောင်းမှုကိုပြုကြသည့်အတွက် သေသည်မှနောက်ကာလ ဘ၀တစ်ပါးတွင်ဝိညာဉ်ဟူသော စိတ်တစ်ခုသည် ဖြစ်ပေါ်လေဧ။်း။
၎။   ၀ိညာဉ် ဟူသောစိတ် ဖြစ်ပေါ်လျှင် ထိုဝိညာဉ်ဧ။် တည်နေရာရုပ်ခန္ဓာအိမ်နှင့် ၀ိညာဉ်ဧ။် အကိုင်းအခက် ဖြစ်ကုန်သော ဖဿ၊ ဝေဒနာ အစရှိသော နာမ်ခန္ဓာတို့သည်တစ်ပြိုင်နက် ဖြစ်ပေါ်ကုန်၏။
၅။   ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ ၂-ပါးဖြစ်ပေါ်လျှင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မနော-ဟူသော ဒွါရ ၆-ပါး၊ တံခါးး၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၆။   ဒွါရ၆-ပါးဖြစ်ပေါ်လျှင် ထိုဒွါရ၆-ပါးတွင် ခိုက်လာဆိုက်လာသောအာရုံ ၆-ပါးတို့ကို စိတ်၏တွေ့ခြင်းဟူသောဖဿ ၆-ပါးတို့သည်ဖြစ်ပေါ်ကုန်၏။
၇။   ဖဿ၆-ပါးဖြစ်ပေါ်လျှင် ထိုအာရုံ၆-ပါးကိုခံစားမှု စံစားမှု ဟူသောဝေဒနာ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၈။   ဝေဒနာ ၆-ပါးဖြစ်ပေါ်လျှင် ခံစားဖို့ စံစားဖို့ အာရုံ၆-ပါးကို သာယာတွယ်တာသော တဏှာ ၆-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၉။   တဏှာ ၆-ပါးဖြစ်ပေါ်လျှင် အပြင်းအထန် စွဲလန်းသောဥပါဒါန်တရား ၄-ပါးတို့သည် ဖြစ်ပေါ်ကုန်၏။
၁၀။ ဥပါဒါန်တရားစွဲလန်းမှုကြောင့် ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကုသိုလ် အကုသိုလ်ကံ ၃-ပါးတိုံသည်ဖြစ်ပေါ်လာကုန်၏။
၁၁။ ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်ပေါ်လျှင် နောက်တစ်ဖန် ဘ၀အသစ် ဖြစ်ပေါ်ပြန်၏။
၁၂။ ဘ၀သစ်ဖြစ်ပေါ်လျှင် အိုခြင်း၊ သေခြင်း ဘေးကြီး ၂-ပါးတို့သည် အမြဲဖြစ်ပေါ်လာကုန်၏။

         ဤကား အနမတဂ်ဂသံသရာ၌ အစဉ်တစိုက်ဖြစ်ပွား၍နေသော ပဋိစ္စသမုပ်ပါဒ် ရဟတ်စက်ချား လမ်းမှားလမ်းဆိုးအကြောင်းကြီးပေတည်း။


           ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်ရေးသားတော်မူသော ကမ္မဌာန်းကျမ်းကြီး(တတိယအကြိမ်) စာ-၁၁၅၊ ၁၁၆ မှကူးယူဖြန့်ဝေပါသည်။
--
အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................

No comments:

Post a Comment