Mm

https://mm1ink.net/iw6WYEn

Star 2

Star Click

Monday, October 19, 2009

စိတ်ချင်းအဖော်

အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ…
ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…
ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…
ကိုယ့်ကို နားလည်တဲ့သူ…
(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊
အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို
အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊
အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။
သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ
တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။

စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။
အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။ အဲဒီလို
မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊ ပိုင်ဆိုင်မှုတွေ
အကြောင်း မပြောဘူး ။ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့
ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။
တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။
တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။ တစ်ယောက်ရဲ့ လွတ်လပ်မှုကို
တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။ သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့်
သူ မလွတ်လပ်တာ မဖြစ်စေရဘူး ။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်
။ ဒါမှ " Soul Mate " ဖြစ်မယ် ။

ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက်

No comments:

Post a Comment