Mm

https://mm1ink.net/iw6WYEn

Star 2

Star Click

Tuesday, October 6, 2009

သမီးရှင်ဖြစ်တော့မယ့် နိုင်းနိုင်း


သရုပ်ဆောင်နိုင်းနိုင်း၏ဇနီး စန္ဒီချိုသည် မကြာမီက အမေရိကမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး၊ သူမ၏ သမီးဦးရတနာလေးအား လာမည့်ဒီဇင်ဘာပထမပတ်၌ မြန်မာနိုင်ငံတွင် မွေးဖွားမည်ဖြစ်ကြောင်း နိုင်းနိုင်းနှင့် စန္ဒီ ချိုတို့၏ ပြောပြချက်အရ သိရသည်။ “အရမ်းစိတ်လှုပ်ရှားတယ်။ ကြောက်လည်းကြောက်တယ်။ အတွေ့အကြုံသစ်ဆိုတော့လေ။ အမေရိကားမှာတော့ ကိုယ်ဝန်ကို ဆရာဝန်နဲ့ အပ်ထားပြီးသားပါ။ ဒီမှာတော့ မအပ်ရသေးဘူး။ ဒီဇင်ဘာပထမပတ် မွေးမယ်လို့တော့ Dateပေးထားတယ်။ နှစ်ဖက်မိဘတွေကတော့ ပျော်နေကြတယ်။ သမီးဆိုတော့လည်း ကိုယ်နဲ့အဖော်ရတော့ ပျော်ပါတယ်”ဟုစန္ဒီချိုက ပြောသည်။

စန္ဒီချိုသည် စက်တင်ဘာ၁၅ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး လာမည့် ၂၀၁၀သြဂုတ်(သို့) စက်တင်ဘာလအထိ မြန်မာနိုင်ငံတွင် ရှိနေမည်ဖြစ်သည်။ “ကျောင်းကိုတော့ တစ်နှစ် နားလိုက်ရတယ်။ ဗီဇာကလည်း တစ်နှစ်လောက် ပြောထားတယ်ပေါ့။ အဆင်ပြေမှာပါ။ သမီးလေးကို စန္ဒီချိုက မွေးပေးမယ်ဆိုတော့ ပျော်တာပေါ့လေ။ ဘာလေးပဲမွေးမွေး ချစ်မှာပဲ”ဟု နိုင်းနိုင်းက ပြောသည်။ နိုင်းနိုင်းသည် ယခုရက်ပိုင်း အတွင်း ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခြင်းအား ခေတ္တရပ်နားထားပြီး၊ လကုန်ပိုင်းမှစ၍ စနှိုးဝိုက် ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဇာတ်ကားများ ပြန်လည်ရိုက်ကူးမည် ဖြစ်သည်။

အဲဒါက planet site ထဲကပါ။ မူရင်းကို ကြည့်ချင်ရင် ဒီမှာ ကြည့်ပါ။