> ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?
>
> ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
>
> ၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
> ၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
> ၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
> ၄) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
> ၅) ကလေးကို ကျောင်းပို့ပါ
> ၇) အင်္ကျီကူခေါက်ပါ
> ၈) မွေးနေ့လက်ဆောင်ပေးပါ
> ၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
> ၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ
>
> ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
>
> ၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
> ၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
> ၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
> ၄) သူ့စိတ်လိုအင်ကို ဖြည့်ပါ
> ၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
> ၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
> ၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
> ၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
> ၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
> ၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ
>
> ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
>
> ၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
> ၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
> ၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
> ၄) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
> ၅) သူပြောချင်တာကို နားထောင်ပေးပါ
> ၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
> ၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
> ရင်ထဲမှာ အမြဲထည့်ထားပါ
> ၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
> ၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
> ၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ
>
> သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?
>
> ၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
> ၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
> ၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
> ၄) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
> ၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
> ၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
> ၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
> ၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
> ၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
> ၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ
>
> လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။

No comments:
Post a Comment