သေချာမသိခင် အလျင်စလို မဆုံးဖြတ်ပါနဲ့အုံး.။
အမေရိကန် တက္ကဆက် ကျောင်းတစ်ကျောင်းရဲ့ ဟောပြောပွဲမှာ.
ဆရာ တစ်ယောက်က 1 grade (မြန်မာလိုတော့ မူလတန်းလိုပြောမလားဘဲ) ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး ဥာဏ်စမ်းလေးတစ်ခု မေးတယ်.( ဟာသလုပ်တယ်ပေါ့ )
ဆရာ ။ ။ သား မင်းက လေယာဉ်မောင်းသမားကြီးပေါ့ ကွာ..။ တကယ်လို့ သားမောင်းလာတဲ့ လေယာဉ်ကြီးက လမ်းမှာ ဆီကုန်သွားတယ် ဆိုပါတော့ . သားဘာလုပ်မလဲ ??
ကျောင်းသားလေးက အသေချာစဉ်းစားရင်း
ကျောင်းသားလေး ။ ။ သားက သူတို့အားလုံးကို မကြောက်ဖို့ ထိုင်ခုံမှာ သေသေချာချာ ထိုင်ပြီး ခါးပါတ် ပါတ်ထားဖို့ပြောလိုက်မယ်.။ ပြီးတော့သားက လေထီးနဲ့ ခုန်ဆင်းမယ်..
အားလုံးက ၀ိုင်းရယ်ကြပါသည်..။
ထိုစဉ် ကျောင်းသားလေး ဆီမှ ရှိုက်သံ ထွက်ပေါ်လာသဖြင့် ဆရာက..
ဆရာ ။ ။ သား ဘာလို့ ငိုတာလဲ ??
ကျောင်းသားလေး ။ ။ သားက ဆီပြန် ယူမလို့ဟာကို ..အီး ..ဟီး.....

No comments:
Post a Comment