Mm

https://mm1ink.net/iw6WYEn

Star 2

Star Click

Wednesday, October 7, 2009

မြန်မာ နေရှင်နယ် လိဂ်ရဲ့ အကျိုး သက်ရောက်မှုများ

မြန်မာ နေရှင်နယ် လိဂ်ရဲ့ အကျိုး သက်ရောက်မှုကို လက်ရွေးစင် အဆင့် ပြိုင်ပွဲတွေမှာ တွေ့ရမယ် ဆိုတဲ့ မြန်မာ့ လက်ရွေးစင် ဟောင်း ဦးသန်းတိုးအောင်နှင့် တွေ့ဆုံခြင်း PDF Print E-mail
Written by Admin Team
Tuesday, 29 September 2009 23:05
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကြီး စတင် ကျင်းပတဲ့ အချိန်ကနေ စတင်ပြီး မြန်မာ့ လက်ရွေးစင် ဘောလုံး သမားတွေ၊ နည်းပြတွေ၊ အုပ်ချုပ်သူတွေ အပါအ၀င် မြန်မာ ဘောလုံး လောကသား အများအပြားဟာ ဒီပြိုင်ပွဲကြီး ထဲမှာ ပါဝင် စီးမျော လိုက်ပါ ခဲ့ကြပါတယ်။ တစ်ချို့သော ဘောလုံး သမားတွေ ကတော့ ဘောလုံး လောကကို စွန့်ခွာပြီး မိမိတို့ ဋ္ဌာနဆိုင်ရာ တာဝန်တွေ ကိုပဲ ထမ်းဆောင် နေကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဇာတ်သမား ဆိုတာ ဆိုင်းသံကြားရင် က,ချင်တယ် ဆိုတဲ့ အတိုင်းပဲ ဒီ ဘောလုံးသမား လူထွက်တွေဟာ ဒီပြိုင်ပွဲကြီးမှာ ပရိသတ် အနေနဲ့တော့ ပါဝင် နေကြ တာကို တွေ့ရပါတယ်။ အဲဒီ အထဲမှာ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့ဖူးတဲ့ ငွေခေတ် လက်ရွေးစင် ဘောလုံး သမားကြီး ဦးသန်းတိုးအောင်လည်း တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။

ဦးသန်းတိုးအောင်ဟာ လက်ရှိမှာ သူ့ရဲ့ ဆောက်လုပ်ရေး ၀န်ကြီးဋ္ဌာန မှာပဲ အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ လုပ်ငန်း တာဝန်တွေ ထမ်းဆောင်နေ သလို အားလပ်တဲ့ အချိန်တွေမှာ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် တွေကိုလည်း ပုံမှန် လာရောက် ကြည့်ရှုလေ့ ရှိပါတယ်။ ဒါကြောင့် တစ်ချိန်က ပရို ကစားသမား အဖြစ်နဲ့ ပြည်ပကို ထွက်ကစား ဖူးခဲ့တဲ့ ဦးသန်းတိုးအောင်ကို လက်ရှိ မြန်မာ နေရှင်နယ် လိဂ်နဲ့ ပတ်သတ်ပြီး သုဝဏ္ဏ အားကစား ကွင်းမှာ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး - မင်္ဂလာပါ ကိုသန်းတိုးအောင်ရေ။ အစ်ကို့ အနေနဲ့ လတ်တလောမှာ ဘယ်အသင်း အတွက် တာဝန်ထမ်းဆောင် နေတယ် ဆိုတာ သိပါရစေ။

ဖြေ - ဘယ် ဘောလုံး အသင်းမှာမှ တာဝန် မထမ်းဆောင်ပါဘူး။ ကျွန်တော့်ရဲ့ ဋ္ဌာနအတွက်ပဲ အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေပါတယ်။

မေး - ဒါဆို အစ်ကို့ အနေနဲ့ မြန်မာ နေရှင်နယ်လိဂ်က အသင်း တစ်သင်းသင်းကို နည်းပြတစ်ဦး အနေနဲ့ ရောက်လာဖို့ ရှိပါသလား။ တကယ်လို့များ အစ်ကို့ရဲ့ တစ်ချိန်က ကစားဖော်ဟောင် ဦးမျိုးလှိုင်ဝင်းရဲ့ ရန်ကုန် အသင်းက ကမ်းလှမ်းလာ ခဲ့ရင်ရော လုပ်ဖြစ်မှာလား။

ဖြေ - မလုပ်ပါဘူး။ ကျွန်တော် ဘယ်တော့မှ နည်းပြ မလုပ်ဘူးလို့ ဆုံးဖြတ် ထားပါတယ်။ မျိုးလှိုင်ဝင်းတို့ အသင်းတင်မက ဘယ်အသင်း ကပဲခေါ်ခေါ် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။

မေး - မြန်မာ နေရှင်နယ် လိဂ်မှာ ဘယ်အသင်း တွေရဲ့ ကစားပုံကို အစ်ကို့ အနေနဲ့ သဘောကျ မိပါသလဲ။

ဖြေ - ကျွန်တော်ကတော့ ရတနာပုံနဲ့ ဒယ်လ်တာ အသင်းတွေကို သဘော ကျပါတယ်။

မေး - ဘယ်အသင်းက မြန်မာ နေရှင်နယ် လိဂ်ရဲ့ ချန်ပီယံ ဖြစ်လာ နိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ - ဒါကတော့ ပြောဖို့ ခက်ပါတယ်။ နှစ်ကျော့ ကစားမှာ ဆိုတော့ ပြောဖို့လည်း စောပါ သေးတယ်။ လောလောဆယ်တော့ ရတနာပုံ၊ ဒယ်လ်တာ၊ ကမ္ဘောဇနဲ့ မကွေး အသင်း တွေတော့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

မေး - လက်ရှိ ပြိုင်ပွဲက နိုင်ငံခြားသား ကစားသမား တွေရဲ့ ခြေစွမ်းကိုရော ဘယ်လိုမြင်ပါ သလဲ။

ဖြေ - လက်ရှိ နိုင်ငံခြားသား ကစားသမား တွေဟာ သိပ်အကောင်းကြီး မဟုတ်ဘူး။ မြန်မာ ကစားသမား တွေထက် သိသိသာသာ ခြေစွမ်း ပိုကောင်းတဲ့ သူတွေကို မတွေ့ဘူး။ ဒါပေမယ့် အရင် ပြိုင်ပွဲကထက် စာရင် အများကြီး ပိုကောင်း လာတယ်လို့ ထင်ပါတယ်။

မေး - မြန်မာ ကစားသမား တွေရဲ့ ခြေစွမ်း အပေါ်ရော သုံးသပ် ပေးပါဦး။

ဖြေ - မြန်မာ ကစားသမား တွေကတော့ ကြိုးစား အားထုတ်မှု အပိုင်းမှာ အရင် အပျော်တမ်း ပြိုင်ပွဲတွေ ကထက် အများကြီး ပိုကောင်း လာတယ်။ ပွဲတိုင်းမှာ စိတ်ဓာတ် အပြည့်နဲ့ ကစားကြတာကို တွေ့ရတယ်။ ဒါကြောင့် ပွဲတွေဟာ အရင်ကထက် ပိုပြီး ကြည့်လို့ ကောင်းလာတာပေါ့။

မေး - ပရိုကစားသမား တစ်ယောက် အနေနဲ့ ပြည်ပထွက် ကစားဖူးတဲ့ ကိုသန်းတိုးအောင် အနေနဲ့ မြန်မာ နေရှင်နယ် လိဂ်က ပရို ကစားသမားတွေ အပေါ်မှာ ဘယ် လိုများ အကြံပေးချင်ပါ သလဲ။

ဖြေ - ပရို တစ်ယောက် ဖြစ်လာပြီ ဆိုရင် အဓိက ပြုပြင်ရမှာက စိတ်ဓာတ်ပိုင်း ပါပဲ။ ပရိုတစ်ယောက်ဟာ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ကြိုးပမ်းရမယ်။ လေ့ကျင့်ရေး ကွင်းမှာ ဆိုရင်လည်း နည်းပြက ခိုင်းသလောက်သာ လုပ်နေမယ့် အစား ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ့် ဘာသာ တိုးတက်အောင် လုပ်ရမယ်။ ဒါမှလည်း နိုင်ငံတကာ အဆင့်မီ ကစားသမား တစ်ယောက် ဖြစ်လာမှာပါ။ ကစားသမား တွေဟာ ပြည်တွင်း လိဂ်မှာ ခြေစွမ်းပြနိုင်ရုံ ရည်မှန်းချက် မထားဘဲ နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ အဆင့်အတန်း ရှိရှိ ကစားနိုင်တဲ့ ခြေစွမ်းမျိုး ဖြစ်လာ အောင် ကြိုးစားရမယ်။

အထူး ပြောချင်တာက စည်းကမ်း လိုက်နာမှု အပိုင်းမှာ ပါပဲ။ ဒီက ကစားသမား တွေဟာ ဒိုင်လူကြီးက ကိုယ့်ကို အပြစ်ပေးရင် မကျေမနပ် ဖြစ်ကြတယ်။ စည်းကမ်းရှိရှိ ကစားနိုင်ဖို့ မကြိုးစားဘဲ အပြစ်ပေးတဲ့ သူကိုပဲ အပြစ် တင်ချင်ကြတယ်။ ဒီလိုပုံစံနဲ့ ဆိုရင် အာရှ အဆင့်မှာ ရင်ဘောင်တန်းဖို့ မလွယ် သေးပါဘူး။

မေး - မြန်မာ နေရှင်နယ် လိဂ်ရဲ့ ပရိသတ် အနေအထား ကိုရော ဘယ်လိုမြင်ပါ သလဲ။

ဖြေ - ပရိသတ် တွေဟာ လတ်တလောမှာ ဒေသစွဲ တိုင်းစွဲ ပြင်းပြင်းထန်ထန်နဲ့ အားပေးကြတာကို တွေ့ရပါတယ်။ ဒါက လည်း အစပိုင်းမို့ ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းမှာ အထူး လိုက်ထိန်းစရာ မလိုဘဲ သူတို့ဘာသာ အဆင်ပြေပြေ အားပေး နိုင်ကြ လိမ့်မယ်လို့ ထင်ပါတယ်။

မေး - ကိုသန်းတိုးအောင်ရဲ့ နိုင်ငံတကာ အတွေ့အကြုံ အရ ပြောရမယ် ဆိုရင် လက်ရှိ မြန်မာ နေရှင်နယ် လိဂ်ဟာ အဆင့် မီတယ်၊ အောင်မြင် တယ်လို့ ဆိုနိုင်ပါ သလား။

ဖြေ - မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ကျင်းပတဲ့ ပုံစံနဲ့ ပရိသတ် လာရောက်မှုဟာ အဆင့်မီရုံ မက အိမ်နီးချင်း နိုင်ငံတွေ ထက်တောင် သာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်း အရည်အသွေး ပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေး တယ်လို့ ထင်ပါတယ်။ မြန်မာ နေရှင်နယ်လိဂ် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ အခုအချိန်မှာ ပြောလို့ မရနိုင်သေး ပါဘူး။ ကျွန်တော်တို့ ဒီပြိုင်ပွဲကြီးကို ကျင်းပ တယ် ဆိုတာ မြန်မာဘောလုံး အဆင့်အတန်း မြင့်မား စေချင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နေရှင်နယ် လိဂ်ရဲ့ အကျိုး သက်ရောက် မှုကို လက်ရွေးစင် အဆင့် ပြိုင်ပွဲ တွေမှာမှ တွေ့ရမှာပါ။ အခု အနီးဆုံး ပြိုင်ပွဲကတော့ လာအို ဆီးဂိမ်း ပြိုင်ပွဲပေါ့ဗျာ။ အဲဒီမှာ စောင့်ကြည့် အကဲဖြတ် ရမှာပါ။

မေး - ဟုတ်ကဲ့။ ခုလို ပြန်လည် ဖြေကြားပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။


တဆင့်ပြန် ရေးထားတာပါ။ မူရင်းက ဒီမှာ

No comments:

Post a Comment